ဆိုးလ်၊ ဇူလိုင်-၁၇-၂၀၂၃
မျိုးဆက်(VOM)
တောင်ကိုရီးယားနိုင်ငံအလယ်ပိုင်း ချန်ဂျူးမြို့မှာ ရေနစ်မြုပ်နေတဲ့ ဥမင်လမ်းတခုမှာ ပိတ်မိနေတဲ့ လူတွေကို ကယ်တင်ဖို့ ကယ်ဆယ်ရေးသမားတွေက ဆက်လက်လုပ်ဆောင်နေပြီး လက်ရှိအချိန်ထိ အလောင်း ၁၃ လောင်းကို ရှာဖွေတွေ့ရှိထားကြောင်း တာ၀န်ရှိသူတွေက ပြောပါတယ်။
ဇူလိုင် ၁၄ ရက်မှာ မြစ်တစင်းရဲ့ရေထိန်းတံခါးကျိုးပေါက်ပြီးနောက် မြေအောက်ဥမင်လမ်းကို ရေတွေ၀င်ရောက်ပြီးနောက်မှာ ဘတ်စ်ကားတစီးအပါအ၀င် မော်တော်ယာဉ်တွေပေါ်မှာ လူတွေ ပိတ်မိနေခဲ့တာဖြစ်ပါတယ်။
ဆယ်ယူရရှိခဲ့တဲ့ အလောင်းအများအပြားဟာ ဘတ်စ်ကားတစီးအတွင်းကနေ တွေ့ရှိခဲ့ခြင်းဖြစ်ပြီး အသက်ရှင်ကျန်ရစ်သူကိုးဦးကို ကယ်ဆယ်ရေးသမားတွေက ကယ်တင်နိုင်ခဲ့ပါတယ်။
အရှည် ၂၂၄၇ ပေရှိတဲ့ အဲဒီဥမင်လမ်းအတွင်း လူဘယ်လောက်ပိတ်မိနေတယ်ဆိုတာကို တာ၀န်ရှိသူတွေက အသေးစိတ်ထုတ်ပြန်ခြင်းမရှိပေမယ့် ဥမင်အတွင်း မော်တော်ယာဉ် ၁၅ စီးပိတ်မိနေတယ်လို့ ဆိုပါတယ်။
တောင်ကိုရီးယားနိုင်ငံမှာ လွန်ခဲ့တဲ့သီတင်းပတ်အတွင်း မိုးသည်းထန်စွာဆက်တိုက်ရွာသွန်းမှုတွေကြောင့် ရေကြီးခြင်း၊ မြေပြိုခြင်းနဲ့ လျှပ်စစ်ဓါတ်အား ပြတ်တောက်မှုတွေဖြစ်ပေါ်နေပြီး လူ ၃၉ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။
Ref: BBC
#voiceofmyanmar #VOM #ဆိုးလ်