အမြန်လမ်းဟောင်းမှာ ကင်းလှည့်နေတဲ့ ရဲတွေ ပစ်ခတ်ခံရပြီး သေဆုံး၊ဒဏ်ရာရမှုရှိခဲ့

ဇူလိုင် ၁၉ – ၂၀၂၃
GG (VOM)

ပဲခူးတိုင်း ၊ ကျောက်တံခါးမြို့နယ်၊ ရန်ကုန် – မန္တလေးလမ်းဟောင်းမှာ မနေ့ ဇူလိုင် ၁၈ ရက် ညပိုင်းက လှည့်ကင်းလုပ်နေတဲ့ နယ်မြေခံရဲတပ်ဖွဲ့ဝင်တွေ ပစ်ခတ်တိုက်ခိုက်ခံရပြီး သေဆုံးသူနဲ့ ဒဏ်ရာရသူတွေရှိခဲ့တယ်လို့သိရပါတယ်။

” ရင်းတိုက်ကုန်းကျေးရွာ၊ ရန်ကုန် – မန္တလေး လမ်းဟောင်း၊ မိုင်တိုင်အမှတ် (၁၀၃ / ၅)၊တံတားမှာ ညကဖြစ်တာပါ။ လူ၃ယောက်ကို မသင်္ကါလို့ စစ်ဖို့လုပ်နေချိန်မှာ အပစ်ခံရတာပေါ့။အဲ့ဒီမှာ ရဲတပ်ဖွဲ့ ဝင်တစ်ယောက်သေဆုံးတယ်၊နောက်တစ်ယောက်လည်းဒဏ်ရာရတာ ပထမ သိရတာစိုးရိမ်ရတယ်၊ကုသနေတယ်၊ အခုထပ်သိရတာ ဆေးရုံမှာ ဆုံးပြီလို့သိရတယ် ။နောက်ထပ် အရပ်သား ၂ယောက်လည်းသေတယ်လို့သိရတယ်”လို့ ညောင်လေးပင် ခရိုင် လုံခြုံရေးအဖွဲ့ နဲ့ နီးစပ်သူတစ်ဦးကပြောပါတယ်။

အဆိုပါ ပစ်ခတ်တိုက်ခိုက်ခံရမှုကြောင့် ရဲတပ်ကြပ် လင်းလင်းထိုက်ဟာ ဗိုက်ကိုကျည်ဖောက်ဝင်ဒဏ်ရာနဲ့နေရာမှာပဲသေဆုံးခဲ့ပြီး နောက်ထပ် ရဲတပ်သား အောင်ကျော်ထက်ဆိုသူလည်း ဗိုက်ကျည်ဖောက်ဝင်ဒဏ်ရာ၊ လက်ဖျံ သေနတ်ထိမှန် ဒဏ်ရာ ၃ ချက်ရရှိပြီး ဆေးကုသမှုခံယူနေရတယ်လို့ ကနဦးသတင်းတွေအရ သိရပါတယ်။

နောက်ထပ် သေဆုံးသူ အမျိုးသား၂ယောက်မှာ တစ်ယောက်ကအခင်းဖြစ်နေရာပတ်ဝန်းကျင်က KTV ပိုင်ရှင်အမျိုးသားဖြစ်တယ်လို့သိရပါတယ်။

လက်ရှိမှာ သေဆုံးခဲ့တဲ့ ရဲတပ်ဖွဲ့ဝင် အပါအဝင် သေဆုံးသူတွေနဲ့ ဒဏ်ရာရ ရဲတွေကို ညပိုင်းကတည်းက ကျောက်တံခါးဆေးရုံကိုပို့ကာ ဆေးကုသမှုပေးနေတယ်လို့ သိရပါတယ်။

အခုဇူလိုင်လထဲမှာပဲ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမှာ နှစ်ဖက်ထိတွေ့တိုက်ပွဲတွေလည်း မကြာခဏဆိုသလိုဖြစ်ပွားနေပြီး မိုင်းခွဲခံရတာ ၊ သေဆုံးတာ၊ ထိခိုက်ဒဏ်ရာရတာတွေရှိခဲ့ပါတယ်။

အဲ့ဒီ အရင်ကလည်း အပြန်အလှန် နှစ်ဖက်ထိတွေ့တိုက်ပွဲတွေဖြစ်ပွားမှုကြောင့် လူသေဆုံးတာ၊ထိခိုက်ဒဏ်ရာရတာတွေ၊ နေအိမ် မီးလောင်တာတွေ ရှိခဲ့ပြီး နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ စစ်ဘေးရှောင်တွေလည်းရှိတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #အမြန်လမ်းဟောင်း #ကင်းလှည့်ရဲပစ်ခတ်ခံရမှု

Related posts

Leave a Comment

VOM News

FREE
VIEW