တောင်ကုတ်က ရွှေဆိုင်ဓားပြတိုက်သူထဲက တဦးကို ရွှေတွေနဲ့အတူ ညတွင်းချင်းဖမ်းမိ

ဇူလိုင် ၂၈ – ၂၀၂၃
GG (VOM)

ရခိုင်ပြည်၊ တောင်ကုတ်မြို့က “ရွေပွင့်အိမ် ရွေဆိုင် ” ဓားပြတိုက်ခဲ့သူတဦးကို ရွှေထည်ပစ္စည်းတွေနဲ့ အတူ မနေ့ ဇူလိုင် ၂၇ ရက် ညပိုင်းမှာပဲ ချက်ခြင်း ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ရွှေဆိုင် ဓားပြတိုက်ခံရပြီး အချိန် ၈ နာရီအတွင်း မှာ ရွှေထည်ပစ္စည်းတွေနဲ့အတူ လုယက်သူတစ်ဦးကို ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

“ညက ၁၀ နာရီလောက်မှာ တစ်ယောက်ဖမ်းမိတယ်လို့သိရတယ်။ရွှေတွေလည်း အကုန်ပြန်ရတယ်၊အခုမိတဲ့သူကတော့ ကမ်းထောင်းကြီးဇာတိ၊ နေပြည်တော်မှာနေတဲ့သူလို့ သိရတယ်။သူ့ကို လမူးရွာမှာမိတာပါ၊ လောလောဆယ် တစ်ယောက်ပဲမိသေးတယ် “လို့ တောင်ကုတ်ဒေသခံတစ်ဦးကပြောပါတယ်။

ရွှေပွင့်အိမ် ရွှေဆိုင်ဟာ မနေ့ ဇူလိုင်၂၇ ရက် နေ့လယ် ၂ နာရီကျော်လောက်မှာ ဓားပြတိုက်ခံရ ပြီး၊ ဆိုင်ကယ်အုပ်ထုပ်​ဆောင်းထားတဲ့ အမျိုးသားနှစ်ယောက်က သေနတ်ပြခြိမ်းခြောက်ကာ သိန်း ၆၀၀ ကျော်တန်ဖိုးရှိ ရွှေထည်ပစ္စည်းတွေဖြစ်တဲ့ ရွှေဆွဲကြိုး ၁ဝ ကုံး၊ ရွှေ ဘယက် ၂ ခု၊ ၁ ကျပ်ရွှေဆွဲကြိုး ၇ ကုံး၊ ရွှေဆွဲသီး၊ ရွှေဟန်းချိန်း လုယက်သွားတာဖြစ်တယ်လို့သိရပါတယ်။

လက်ရှိမှာ ရွှေတွေအကုန်လုံးနဲ့အတူ လုယက်သူတစ်ဦးကို ဖမ်းမိထားပြီး ကျန်ရှိတဲ့ ကျူးလွန်သူနောက်တစ်ယောက် လွတ်မြောက်နေတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #တောင်ကုတ် #ရွှေဆိုင်ဓားပြတိုက်ခံရမှု #တဦးဖမ်းမိ

Related posts

Leave a Comment

VOM News

FREE
VIEW