အီရန်အပေါ် အမေရိကန်ပိတ်ဆို့အရေးယူမှုတွေကို ဘယ်သောအခါမျှ အသိအမှတ်မပြုကြောင်း မလေးရှားပြော

တီဟီရန်၊ သြဂုတ်-၂၅-၂၀၂၃
Voice of Myanmar

မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဇမ်ဘရီအဗ္ဗဒူကီဒါက “အီရန်အပေါ် အမေရိကန် ပိတ်ဆို့အရေးယူမှုတွေအပေါ် မိမိတို့အစိုးရရဲ့ ဆန့်ကျင်ကန့်ကွက်ကြောင်း” ထုတ်ဖော်ပြောကြားခဲ့ပြီး မလေးရှားအနေနဲ့ အဲဒီလို ပိတ်ဆို့အရေးယူမှုတွေကို ဘယ်သောအခါမျှ အသိအမှတ်မပြုမှာ မဟုတ်ဘူးလို့ အသိပေးခဲ့ပါတယ်။

အီရန်သမ္မတ အီဘရာဟင်ရိုင်စီနဲ့ ဩဂုတ် ၂၂ ရက်က တီဟီရန်မြို့တော်မှာ တွေ့ဆုံစဉ်အတွင်း ဇမ်ဘရီက “အစ္စလမ်မစ်သမ္မတနိုင်ငံဖြစ်တဲ့ အီရန်ဟာ ဒေသတွင်းနဲ့ မွတ်စလင်ကမ္ဘာအတွင်း မလေးရှားရဲ့ အင်မတန်အရေးကြီးတဲ့မိတ်ဖက်အဖြစ် ဆက်လက်ပြောကြားခဲ့ပါတယ်။

ဩဂုတ်လ ၂၀ ရက်မှ ၂၃ ရက်အထိ တီဟီရန်မြို့တော်သို့ ရောက်ရှိခဲ့တဲ့ သူ့ရဲ့ ခရီးစဉ်အတွင်း အီရန်အစိုးရအရာရှိတွေနဲ့ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေကိုလည်း သူက အသိအမှတ်ပြုပြောကြားခဲ့ပါတယ်။

ဇမ်ဘရီက အထူးသဖြင့် စိုက်ပျိုးရေး၊ ဆေး၊ သိပ္ပံနဲ့ နည်းပညာနယ်ပယ်တွေမှာ နှစ်နိုင်ငံဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်အောင် ပူးပေါင်းသွားကြဖို့ ထပ်မံတောင်းဆိုခဲ့ပါတယ်။

သမ္မတ ရိုင်စီက “အီရန်နဲ့ မလေးရှားတို့အကြား ရေရှည်မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်ကို ရေးဆွဲခြင်းဖြင့် နှစ်နိုင်ငံဆက်ဆံရေးမှာ နယ်ပယ်ကဏ္ဍသစ်များကို ဖွင့်လှစ်ပေးမှာ ဖြစ်ကြောင်း” ပြောကြားခဲ့ပါပါတယ်။

“အဲဒီလို ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်ဟာ ဆက်ဆံရေးနဲ့ စီးပွားရေးအပြန်အလှန်ဖြစ်ထွန်းမှုကို ဖလှယ်မှုများ တိုးမြှင့်နိုင်မယ်လို့ မျှော်လင့်ကြောင်း” ရိုင်စီက ဆက်လက်ပြောကြားခဲ့ပါတယ်။

ဇမ်ဘရီဟာ အီရန်နိုင်ငံခြားရေးဝန်ကြီး ဟူစိန်အေမီရာအဗ္ဗဒူလာဟင်းရဲ့ ဖိတ်ကြားချက်အရ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလမှာ ဝန်ကြီးနဲ့ မလေးရှားထိပ်တန်းသံတမန်အဖြစ် စတင်တာဝန်ယူပြီးနောက်ပိုင်း သူ့ရဲ့ ပထမဆုံး အီရန်ခရီးစဉ်အဖြစ် အခုလို လာရောက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Malaysia says will never recognize US sanctions against Iran

#voiceofmyanmar #VOM #အီရန် #အမေရိကန်ပိတ်ဆို့အရေးယူမှု # အသိအမှတ်မပြု #မလေးရှားပြော

Related posts

Leave a Comment

VOM News

FREE
VIEW