နျူစက်ရုံက ရေတွေစွန့်ထုတ်မှုကြောင့် ဂျပန်အဖွဲ့အစည်းတွေနဲ့ လုပ်ငန်းတွေ တရုတ်ဘက်က ရိုင်းစိုင်းတဲ့ ဖုန်းခေါ်ဆိုမှုများစွာနဲ့ ကြုံတွေ့နေ

တိုကျို၊ သြဂုတ်-၂၈-၂၀၂၃
မျိုးဆက်(VOM)

ဂျပန်နိုင်ငံ ဖူကူရှီးမား နျူကလီးယားဓါတ်အားပေးစက်ရုံက ရေတွေကို ပင်လယ်ထဲစွန့်ထုတ်မှုနဲ့ ပတ်သက်ပြီး ဂျပန်စီးပွားရေးလုပ်ငန်းတွေနဲ့ အဖွဲ့အစည်းတွေဆီကို ရိုင်းစိုင်းသောဖုန်းခေါ်ဆိုမှုအများအပြား လက်ခံရရှိပြီးနောက် ဒီကိစ္စအပေါ် ဂျပန်အစိုးရက တရုတ်အစိုးရထံ အသိပေးတိုင်ကြားထားပါတယ်။

အဲဒီရိုင်းစိုင်းတဲ့ ဖုန်းခေါ်ဆိုမှုတွေဟာ တရုတ်နိုင်ငံကုဒ်တွေဖြစ်နေပြီး ဖူကူရှီးမားရှိ စားသောက်ဆိုင်တခုမှာဆိုရင် ဖုန်းခေါ်ဆိုမှု အကြိမ်ရေ တထောင်ကျော် လက်ခံရရှိခဲ့ကြောင်း သိရပါတယ်။

နျူကလီးယားဓါတ်အားပေးစက်ရံတဝိုက်ရှိ ပင်လယ်ရေဟာ ရေဒီယိုသတ္တိကြွမှုအဆင့်ကို ထောက်လှမ်းနိုင်တဲ့ အဆင့်မရှိကြောင်း ဂျပန်အစိုးရတာဝန်ရှိသူတွေက ပြောဆိုထားပါတယ်။

အဲဒီစက်ရုံက ရေတွေကို စွန့်ထုတ်ပြီးကတည်းက ဂျပန်အစိုးရဌာနတွေ၊ စာသင်ကျောင်းတွေ၊ ငါးပြတိုက်လိုနေရာတွေကို ဖုန်းခေါ်ဆိုမှုတွေ ရှိခဲ့ကြောင်း၊ ခေါ်ဆိုသူတွေဟာ တရုတ်၊ ဂျပန်၊ အင်္ဂလိပ်စကားတွေနဲ့ ပြောဆိုကြပြီး တခါတရံမှာ ရိုင်းစိုင်းစွာပြောဆိုကြကြောင်း သိရပါတယ်။

တရုတ်နိုင်ငံဟာ နျူကလီးယားဓါတ်အားပေးစက်ရုံက ရေတွေစွန့်ထုတ်မယ့်လုပ်ငန်းစဉ်အပေါ် ကန့်ကွက်ခဲ့ပြီး အလွန်တကိုယ်ကောင်းဆန်ကာ တာဝန်မဲ့တဲ့လုပ်ရပ်ဖြစ်ကြောင်း ပြောဆိုထားပြီး ဂျပန်ပင်လယ်စာတွေတင်သွင်းမှုကို တားမြစ်ပိတ်ပင်မယ်လို့ ထုတ်ပြန်ထားပါတယ်။

Ref: BBC
#voiceofmyanmar #VOM #Fukushima #JapanAsksChina #toStop citizensMaking #abusivecalls

Related posts

Leave a Comment

VOM News

FREE
VIEW