မန္တလေးမှာ ပုဂ္ဂလိက ဆေးရုံ၊ဆေးခန်း(၁၀)ခုနီးပါး ပိတ်သိမ်းခံထားရ

စက်တင်ဘာ ၁ -၂၀၂၃
SP (VOM)

မန္တလေးမြို့ပေါ်က ပုဂ္ဂလိကဆေးရုံဆေးခန်း(၁၀)ခုနီးပါး ပိတ်သိမ်းခံထားရပြီး ၊ ဆရာဝန် ၂၀ ကျော် ဖမ်းဆီးခံထားရကာ ၊ ဆရာဝန် ၇၀ ကျော်လည်း ဖမ်းဝရမ်းထုတ်ခံထားရတယ်လို့ ကျန်းမာရေးအသိုင်းအဝိုင်းဆီက သိရပါတယ်။

” ပြီးခဲ့တဲ့ ၂၀၂၂ ဒီဇင်ဘာထဲမှာ ဆေးခန်း ၂ ခု ပိတ်ခံရတယ် ၊ ဒီနှစ် ၂၀၂၃ ဇန်နဝါရီကနေ သြဂုတ်လကုန်အထိ ၈ လအတွင်း ဆေးရုံဆေးခန်း ၇ ခု ထပ်ပြီးအပိတ်ခံရတယ် ၊ အခုချိန်ထိ မန္တလေးမြို့မှာ ပိတ်ခံထားရတဲ့ ဆေးရုံ ဆေးခန်း ၉ ခုအထိရှိတယ် ၊ ပိတ်ခံထိတဲ့ ဆေးရုံ ဆေးခန်းတွေကတော့ မြို့တော်၊ ကံ့ကော် ၊ နန်းတော် ၊ ထက်နေလင်း ၊ စိန်ပန်း ၊ယုယမေတ္တာ ၊ မင်္ဂလာဆေးရုံတွေဖြစ်ပြီး ဆေးခန်းတွေကတော့ သူရိယ ၊ တက်နေလင်း(မျက်စိအထူးကု) တို့ဖြစ်တယ် ၊ အဲ့ဒီ ပိတ်သိမ်းခံရတဲ့ ဆေးရုံတွေအထဲက စိန်ပန်း ဆေးရုံကတော့ ပြန်လည်ဖွင့်လှစ်နေတယ် ၊ နောက်ပြီး မင်္ဂလာဆေးရုံကိုလည်း သြဂုတ် ၂၅ ရက်ကစပြီး ၃ လ ယာယီပိတ်ခိုင်းထားတာတယ်”လို့ တိုင်းကျန်းမာရေးဌာနနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

မန္တလေးတိုင်း လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူ တယောက်က “မန္တလေးမှာ ပြီးခဲ့တဲ့ ၂ နှစ်ကျော် ကာလအတွင်း နိုင်ငံရေးနဲ့ ငြိစွန်းတဲ့ ဆရာဝန် ၂၀ နီးပါး ဖမ်းဆီးထိန်းသိမ်းထားပြီး အမှုရင်ဆိုင်နေရဆဲဖြစ်တယ် ၊ ဖမ်းဝရမ်း ထုတ်ဆင့်ထားပြီး လွတ်မြောက်နေဆဲ ဆရာဝန် ၇၀ ကျော်ရှိမယ် ” လို့ ပြောပါတယ်။

အခုလို ဆေးရုံဆေးခန်းတွေ ပိတ်သိမ်းခံထားရတဲ့အတွက် ပရဟိတ သမားတယောက်က ” ထိခိုက်နာကျင် လူနာတွေကို အမြဲတမ်း မန္တလေးဆေးရုံကြီးပို့ပေးရတယ် ၊ ကင်ဆာနဲ့ ကျောက်ကပ်လူနာတွေကို ပုဂ္ဂလိကဆေးရုံ ဆေးခန်းတွေ ပို့ရတယ် ၊ နာတာရှည် သက်ကြီးလူနာတွေကတော့ ဆေးခန်းပို့ပေးရတာများတယ် ၊ အခုလို ဆေးရုံ ဆေးခန်းတွေ ပိတ်သိမ်းခံရတော့ နယ်က လူနာတွေ ကျန်းမာရေးစောင့်ရှောက်မှု မျက်ခြေပြတ်ကြရတယ်”လို့ ပြောပါတယ်။

မန္တလေးမြို့မှာ ဖွင့်လှစ်တဲ့ ဆေးရုံဆေးခန်းတွေဟာ မန္တလေးမြို့ခံတွေသာမက မကွေးတိုင်း ၊ ချင်းပြည်နယ် ၊ စစ်ကိုင်းတိုင်း ၊ ကချင်ပြည်နယ် စတဲ့ဒေသတွေကပါ ကျန်းမာရေးကိစ္စ လာရောက်လုပ်ဆောင်ကြတယ်ဖြစ်တယ်လို့ သိရပါတယ်။

#voiceofmtanmar #VOM #မန္တလေး

Related posts

Leave a Comment

VOM News

FREE
VIEW