ယူကရိန်းကာကွယ်ရေးဝန်ကြီးကို ထုတ်ပယ်ကြောင်း သမ္မတဇီလန်စကီး ကြေညာ

ကိယက်ဗ်၊ စက်တင်ဘာသ-၄-၂၀၂၃
မျိုးဆက်(VOM)

ယူကရိန်းကာကွယ်ရေးဝန်ကြီး အိုလက်ဆီရန်ဇ်နီကော့ဗ်ကို ရာထူးကနေ ထုတ်ပယ်လိုက်ကြောင်း ယူကရိန်းသမ္မတ ဇီလန်စကီးက ကြေညာလိုက်ပါတယ်။

ကာကွယ်ရေးဝန်ကြီး အိုလက်ဆီရန်ဇ်နီကော့ဗ်ဟာ ၂၀၂၂ ခုနှစ်ဖေဖော်ဝါရီလမှာ ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်မှုမပြုခင်ကတည်းက ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာနကကို ဦးဆောင်ခဲ့တာဖြစ်ပါတယ်။

ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာနမှာ ချဉ်းကပ်လုပ်ဆောင်မှုအသစ်တွေပြုလုပ်ဖို့ အချိန်တန်ပြီဖြစ်ကြောင်း ယူကရိန်း သမ္မတဇီလန်စကီးက ညစဉ်မိန့်ခွန်းမှာပြောပါတယ်။ ဝန်ကြီးဌာနတွေအနေနဲ့ ချဉ်းကပ်မှုအသစ်တွေနဲ့အတူ စစ်တပ်နဲ့လူမှုအဖွဲ့အစည်းတွေအကြား အပြန်အလှန်ဆက်ဆံရေးပုံစံသစ်တွေ လိုအပ်နေတယ်လို့ ယုံကြည်ကြောင်း ယူကရိန်းသမ္မတကပြောပါတယ်။

ထုတ်ပယ်ခံလိုက်ရတဲ့ ကာကွယ်ရေးဝန်ကြီးနေရာမှာ အစိုးရအဖွဲ့ထိပ်တန်းတာဝန်ရှိသူတဦးဖြစ်သူ ရပ်စ်တမ်ယူမီရော့ဗ်ကို ခန့်အပ်သွားဖို့ စီစဉ်ထားပါတယ်။ သူဟာ အနောက်အုပ်စုနိုင်ငံတွေနဲ့ သံတမန်ရေးရာ ကောင်းမွန်တဲ့ဆက်ဆံရေး ထူထောင်နိုင်ခဲ့သူဖြစ်ပါတယ်။

အသက် ၅၇ နှစ်အရွယ် ရပ်စ်တမ်ယူမီရောဗ်ဟာ ယူကရိန်းစစ်ပွဲစတင်ပြီးနောက်ပိုင်း လူသိများထင်ရှားလာသူဖြစ်ပြီး ယူကရိန်းနဲ့အနောက်မဟာမိတ်တွေရဲ့အစည်းအဝေးတွေကို ပုံမှန်တက်ရောက်လေ့ရှိသူ့ဖြစ်ပြီး နောက်ထပ်စစ်လက်နက်ပစ္စည်းတွေ အကူအညီရရှိရေးမှာ အဓိကအခန်းကဏ္ဍကနေ ပါဝင်ခဲ့သူဖြစ်ပါတယ်။

Ref: BBC
#voiceofmyanmar #VOM #UkraineDefenceMinister #OleksiiReznikov #dismissed

Related posts

Leave a Comment

VOM News

FREE
VIEW