ဂျီ-၂၀ အဖွဲ့ထဲဝင်ရောက်ဖို့ နိုင်ဂျီးရီးယား စဉ်းစားနေ

အဘူဂျာ၊ စက်တင်ဘာ-၆-၂၀၂၃
မျိုးဆက်(VOM)

နိုင်ဂျီးရီးယားနိုင်ငံဟာ ဂျီ-၂၀ အဖွဲ့ထဲ ဝင်ရောက်ဖို့ စဉ်းစားနေကြောင်း နိုင်ဂျီးရီးယားအစိုးရ တာဝန်ရှိသူတွေက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ဂျီ-၂၀ အဖွဲ့ထံ ဝင်ရောက်ဖို့လျှောက်ထားခြင်းမပြုမီ အဖွဲ့ဝင်ဖြစ်ရခြင်းရဲ့ ကောင်းကျိုး ဆိုးကျိုးတွေကို ချိန်ဆကာ ဆုံးဖြတ်သွားမှာဖြစ်ကြောင်း သမ္မတဘိုလာတီနူဘူရဲ့ ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။

နိုင်ဂျီးရီးယားသမ္မတ တီနူဘူဟာ အိန္ဒိယဝန်ကြီးချုပ်မိုဒီရဲ့ ဖိတ်ကြားချက်အရ အိန္ဒိယနိုင်ငံ ဒေလီကို သွားရောက်ပြီး ဂျီ-၂၀ ထိပ်သီးဆွေးနွေးပွဲကို တက်ရောက်မှာဖြစ်ကြောင်း တာဝန်ရှိသူတွေကပြောပါတယ်။

သမ္မတနီနူဘူ ဂျီ-၂၀ ထိပ်သီးဆွေးနွေးပွဲ တက်ရောက်တာဟာ နိုင်ဂျီးရီးယားမှာ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေ ရှာဖွေဖို့၊ ရင်းနှီးမြုပ်နှံသူတွေကို ဆွဲဆောင်ဖို့နဲ့ အခြားနိုင်ငံတွေနဲ့ နှစ်နိုင်ငံသဘောတူညီချက်တွေကို ခိုင်မာစေဖို့ဖြစ်ကြြောင်း သမ္မတပြောရေးဆိုခွင့်ရှိသူကဆိုပါတယ်။

နိုင်ဂျီးရီးယားအနေနဲ့ ဂျီ-၂၀ အဖွဲ့သို့ ဝင်ရောက်မယ့်ကိစ္စကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးမှုတွေလုပ်ဆောင်နေကြောင်း သူကပြောပါတယ်။ လက်ရှိမှာတော့ တောင်အာဖရိကနိုင်ငံဟာ ဂျီ-၂၀ အဖွဲ့ရဲ့ တခုတည်းသော အာဖရိကအဖွဲ့ဝင်နိုင်ငံဖြစ်ပါတယ်။

Ref:BBC

#voiceofmyanmar #vom #နိုင်ဂျီးရီးယား #ဂျီ၂၀ #အဖွဲ့ဝင်

Related posts

Leave a Comment

VOM News

FREE
VIEW