ယူကရိန်းအရှေ့ပိုင်း လူစည်းကားရာဈေးတခု တိုက်ခိုက်ခံရမှု (၁၇) ယောက်သေဆုံးပြီး (၃၀) ကျော်ဒဏ်ရာရ

ကိယက်ဗ်၊ စက်တင်ဘာ-၇-၂၀၂၃
မျိုးဆက်(VOM)

ယူကရိန်းနိုင်ငံအရှေ့ပိုင်းရှိ လူစည်ကားတဲ့ ဈေးတခု တိုက်ခိုက်ခံရမှုကြောင့် လေးငယ်တဦးအပါအဝင် လူ ၁၇ ယောက်သေဆုံးသွားကြောင်း ယူကရိန်းတာဝန်ရှိသူတွေက ပြောပါတယ်။

တိုက်ခိုက်ခံခဲ့ရတဲ့ ကော့ယန်တီနစ်ဗ်ကာမြို့ဟာ ငြိမ်းချမ်းတဲ့မြို့ဖြစ်ပြီး ဒါဟာတမင်တကာ တိုက်ခိုက်တာဖြစ်ကြောင်း ယူကရိန်းသမ္မတ ဇီလန်စကီးက ရှုတ်ချပြောဆိုထားပါတယ်။

အဲဒီမြို့ဟာ ယူကရိန်းအရှေ့ပိုင်း ဒွန်နက်ခ်ဒေသရှိ ရှေ့တန်းစစ်မျက်နှာအနီးမှာတည်ရှိပြီး ရုရှားကတော့ ဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး မှတ်ချက်ပြုပြောဆိုခြင်းမရှိပါဘူး။ သေဆုံးသူတွေဟာ အပြစ်မဲ့အရပ်သားတွေဖြစ်ကြောင်း ဇီလန်စကီးကပြောပါတယ်။

တိုက်ခိုက်ခံရမှုကြောင့် လူ ၃၃ ဦးဒဏ်ရာရရှိခဲ့ပြီး သေဆုံးသူအရေအတွက် တိုးလာနို်င်ပြီး ဈေးဆိုင်တွေနဲ့ အဆောက်အဦတွေ မီးလောင်ကျွမ်းမှုဖြစ်ခဲ့ပြီး ဒါဟာ ယခုနှစ်နွေရာသီနောက်ပိုင်း ယူကရိန်းအရပ်သားတွေအပေါ် အဆိုးရွားဆုံး တိုက်ခိုက်ခံရမှုလည်းဖြစ်ပါတယ်။

လက်ရှိမှာတော့ အခင်းဖြစ်ရာနေရာမှာ ရှာဖွေကယ်ဆယ်ရေးတွေလုပ်ဆောင်နေပြီး ဒါဟာ လူမဆန်တဲ့လုပ်ရပ်ဖြစ်ကြောင်း ယူကရိန်းသမ္မတက ရှုတ်ချပြောဆိုပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ရာဇဝတ်မှုကျူးလွန်ခြေနဲ့ပတ်သက်ပြီး ယူကရိန်းအစိုးရရှေ့နေချုပ်က စုံစမ်းစစ်ဆေးမှုတွေစတင်နေပါတယ်။

Ref:BBC
#voiceofmyanmar #VOM #UkraineWar #17Killed #attackOn #Market

Related posts

Leave a Comment

VOM News

FREE
VIEW