မော်စကို၊ စက်တင်ဘာ-၁၃-၂၀၂၃
မျိုးဆက်(VOM)
မြောက်ကိုရီးယားခေါင်ဆောင် ကင်ဂျုံအန်နဲ့ ရုရှားသမ္မတပူတင်တို့ဟာ ရုရှားအရှေ့ဖျားပိုင်းမှာ စက်တင်ဘာ ၁၃ ရက်က တွေ့ဆုံခဲ့ကြောင်း ရုရှားနိုင်ငံပိုင်သတင်းဌာနက ဖော်ပြထားသည်။
ပူတင်နဲ့ ကင်ဂျုံအန်တို့ဟာ ရုရှားအရှေ့ပိုင်း အမ်မာဒေသရှိ ခေတ်မီအာကာသလွှတ်တင်ရေးစင်တာမှာ တွေ့ဆုံခဲ့ကြရာ တွေ့ဆုံရတာကြောင့် ဝမ်းသာကြောင်း ပူတင်ကပြောဆိုခဲ့ပြီး ဖိတ်ကြားမှုနဲ့ ကြိုဆိုမှုအတွက် ကျေးဇူးတင်ကြောင်း ကင်ဂျုံအန်က ပြန်လည်ပြောကြားခဲ့သည်။
အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့အရေးယူမှုတွေနဲ့ ရင်ဆိုနေရတဲ့ ရုရှားနဲ့ မြောက်ကိုရီးယားခေါင်းဆောင်နှစ်ဦးရဲ့ တွေ့ဆုံမှုကို အမေရိကန်နဲ့မဟာမိတ်တွေက အနီးကပ်စောင့်ကြည့်နေကြပြီး နှစ်နိုင်ငံအကြား လက်နက်အရောင်းအဝယ်ကိစ္စဆွေးနွေးမယ်လို့ သံသယရှိနေပါတယ်။
၁၈ လကြာမြင့်ပြီဖြစ်တဲ့ ယူကရိန်းစစ်ပွဲမှာ ရုရှားရဲ့လက်နက်ခဲယမ်းမီးကျောက်တွေ နည်းပါးလာတာကြောင့် မြောက်ကိုရီးယားဆီက လက်နက်တွေရယူရေးကို ပူတင်နဲ့ကင်ဂျုံအန်ဆွေးနွေးဖွယ်ရှိကြောင်း သတင်းတွေကို နှစ်ဘက်စလုံးက ငြင်းဆိုထားပါတယ်။
မြောက်ကိုရီးယားဟာ လွန်ခဲ့တဲ့လေးလအတွင်း ထောက်လှမ်းရေးဂြိုဟ်တုလွှတ်တင်ဖို့ ကြိုးပမ်းမှုမအောင်မြင်ဖြစ်ခဲ့ပြီး ရုရှားဆီက နည်းပညာအကူအညီရယူနိုင်ကြောင်း အကဲခတ်တွေက သုံးသပ်ထားပါတယ်။
မြောက်ကိုရီးယားနဲ့ ကင်ဂျုံအန် မတွေ့ဆုံခင် မြောက်ကိုရီးယားဟာ ပဲ့ထိန်းဒုံးကျည်နှစ်စင်းကို စက်တင်ဘာ ၁၃ ရက်က ပစ်ခတ်ခဲ့ပါတယ်။
Ref:CNA
Photo:AP
#voiceofmyanmar #VOM #မော်စကို