ဒေလီ၊ စက်တင်ဘာ-၁၃-၂၀၂၃
မျိုးဆက်(VOM)
အိန္ဒိယနိုင်ငံတောင်ပိုင်း ကီရာလာပြည်နယ်တွင် နီပါးဗိုင်းရပ်စ်ကြောင်း လူနှစ်ဦးသေဆုံးပြီးနောက် အာဏာပိုင်တွေက စက်တင်ဘာ ၁၃ ရက်မှာ သတိပေးချက်ထုတ်ပြန်ထားပါတယ်။
လူသေဆုံးမှုတခုဟာ ယခုလအစောပိုင်းမှာဖြစ်ပွားခဲ့ပြီး နောက်တဦးကတော့ သြဂုတ် ၃၀ ရက်မှာ သေဆုံးခဲ့တာဖြစ်ပြီး ကီရာလာပြည်နယ် ကိုဇ်ဟီကုတ်ခရိုင်မှာ ဖြစ်ပွားခဲ့တာလို့ တာဝန်ရှိသူတွေက ပြောပါတယ်။
သေဆုံးသူတွေရဲ့ ဆွေမျိုးသားချင်းနှစ်ဥၤီးဟာလည်း နီပါးဗိုင်းရပ်စ်ကူးစက်ခံရပြီးနောက် ဆေးရုံတက်ကုသမှုခံယူနေရပါတယ်။ ဒါဟာ ၂၀၁၈ ခုနှစ်နောက်ပိုင်း ကီရာလာပြည်နယ်မှာ စတုတ္ထအကြိမ်မြောက် နီပါးဗိုင်းရပ်စ် ကူးစက်မှုလည်း ဖြစ်ပါတယ်။
နီးပါးဗိုင်းရပ်စ်ဟာ ဝက်နဲ့ လင်းနို့တွေကနေ လူကိုကူးစက်တတ်တဲ့ ဗိုင်းရပ်စ်ဖြစ်ကြောင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဆိုပါတယ်။ မသန့်ရှင်းတဲ့ အစားအစာ သို့မဟုတ် ရောဂါပိုးရှိသူတွေနဲ့ ထိတွေ့မှုကနေ ကူးစက်တတ်ပါတယ်။
ဗိုင်းရပ်စ်ကူးစက်ခံရသူတွေဟာ တခါတရံ သိသာထင်ရှားတဲ့ရောဂါလက္ခဏာတွေ မပြတတ်ပေမယ့် အချို့မှာတော့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြင်းထန်လက္ခဏာတွေ ပြတတ်ပြီး ဦးနှောက်ကို ထိခိုက်စေတဲ့ထိ ပြင်းထန်တတ်ပါတယ်။ ဗိုင်းရပ်စ်ကူးစက်ခံရသူတွေအကြား သေဆုံးမှုနှုန်းဟာ ဗိုင်းရပ်စ်ကို ကုသရန် သို့မဟုတ် ကာကွယ်ဆေးမရှိသဖြင့် မြင့်မားလေ့ရှိကြောင်း သိရသည်။
Ref:BBC
Photo:Getty Images
#voiceofmyanmar #VOM #India #alertNipahVirus #Deads