ဘုတလင်းမြို့မှာ ထိတွေ့ပစ်ခတ်မှုတွေဖြစ်လို့ ရဲ ၂ ဦး သေဆုံး ၊ ၅ ဦး ဒဏ်ရာရ

စက်တင်ဘာ ၁၆ ၊ ၂၀၂၃
SP ( VOM)

စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင် ၊ ဘုတလင်မြို့ပေါ်မှာ ဒီမနက် ၇ နာရီဝန်းကျင်က ထိတွေ့ပစ်ခတ်မှုတွေဖြစ်ပွားပြီး ရဲ ၂ ဦး သေဆုံးသွားတယ်လို့ ဘုတလင်မြို့ခံတွေဆီက သိရပါတယ်။

” ဒီမနက် ၇ နာရီလောက်က ပေါက်ကွဲ ပစ်ခတ်သံတွေ မြို့ပေါ်မှာ ကြားရတယ် ၊ အဲ့ဒီနောက် ရဲ ၂ ယောက်သေပြီး ၅ ယောက်ဒဏ်ရာရတယ် ” လို့ ဘုတလင်မြို့ခံ တယောက်က ပြောပါတယ်။

အဲ့ဒီဖြစ်စဥ်နဲ့ပတ်သက်ပြီး မုံရွာခရိုင် လုံခြုံရေး အဖွဲ့ နဲ့ နီးစပ်သူတယောက်က “ဘုတလင်မြို့ပေါ်မှာ လုံခြုံရေးယူနေတဲ့အဖွဲ့နဲ့ ဒီမနက်ပိုင်းက ထိတွေ့မှုဖြစ်တယ် ၊ ရဲအုပ် မျိုးလွင် အပါအဝင် ရဲတပ်ဖွဲ့ဝင် ၂ ဦးကျဆုံတယ် ၊ နောက်ပြီး ရဲတပ်သား ၁ ယောက်အပါအဝင် လူ ၅ ယောက်ဒဏ်ရာရတယ် ၊ လက်နက်ခဲယမ်းတချို့ပါသွားတာရှိတယ် ၊ အခြေအနေက ကနဦးပဲ သိရသေးတယ် “လို့ပြောပါတယ်။

အဲ့ဒီဖြစ်စဥ်နဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ဘုတလင်မြို့နယ် ကာကွယ်ရေးအဖွဲ့က မိုးကျူရှင်နား ကင်းပုန်ဝပ်တဲ့အဖွဲ့ကို စောင့်ကြိုတိုက်ခဲ့ပြီး G3 သေနတ် ၁ လက် ၊ 40 M သေနတ် ၁ လက်သိမ်းဆည်းရမိခဲ့တယ်လို့ သတင်းထုတ်ပြန်ထားတာကို တွေ့ရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ စက်တင်ဘာ ၁၃ ရက်ညက စစ်ကိုင်းတိုင်း ၊ ရေဦးခရိုင် ၊ ဒီပဲယင်းမြို့ပေါ်မှာ ရဲ ၂ ဦး နဲ့ ပြည်သူ့စစ် ၂ ယောက် သေဆုံးပြီး လက်နက်တွေ ပါသွားတဲ့ဖြစ်စဉ် ဖြစ်ခဲ့ပါတယ်။

ဒါ့အပြင် အဲ့ဒီနေ့ ညနေပိုင်းမှာ စစ်ကိုင်းမြို့နယ် ၊ သလွန်ဖြူကျေးရွာမှာ အလည်ပြန်လာတဲ့ တံတားဦးလေဆိပ် တာဝန်ကျ ဒုရဲအုပ် နဲ့ သူ့မိန်းမ လင်မယား ၂ ယောက်စလုံးသတ်ခံရတယ်လို့ မှတ်တမ်းများအရ သိရပါတယ်။

#voiceofmyanmar #VOM #ဘုတလင်

Related posts

Leave a Comment

VOM News

FREE
VIEW