မော်စကို၊ စက်တင်ဘာ-၁၆-၂၀၂၃
မျိုးဆက်(VOM)
ရုရှားရေတပ်မှာ ရေငုပ်သင်္ဘော ၁၂ စင်းကို ယခုနှစ်အတွင်းမှာ ထပ်မံအင်အားဖြည့်တင်းမှာဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂေးရှိုဂူက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
သင်္ဘောသစ်တွေမှာ မဟာဗျူဟာမြောက် နျူကလီးယားလက်နက်တွေကို သယ်ဆောင်ပစ်ခတ်နိုင်တဲ့ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောတွေလည်း ပါဝင်မှာဖြစ်ကြောင်း သူကပြောပါတယ်။
ရုရှား လက်ရှိချိန်ထိ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောတွေအပါအဝင် ရေငုပ်သင်္ဘော ၇၂ စင်းပိုင်ဆိုင်ထားကြောင်း ဇူလိုင်လမှာ ထုတ်ပြန်တဲ့ဂျပန်နိုင်ငံရဲ့ စက္ကဖြူစာတမ်းမှာ ဖော်ပြထားပါတယ်။
ရုရှားကာကွယ်ရေးဝန်ကြီးဟာ နိုင်ငံရှေ့ဖျားပိုင်း ဗလာဒီဗော့စ်တော့ခ်ရှိ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး စက်ရုံကို သွားရောက်ခဲ့ပြီး ရုရှားရဲ့ပစိဖိတ်ရေတပ်မှ နျူကလီးယားရေငုပ်သင်္ဘောတွေ ပြုပြင်ထိန်းသိမ်းရေးတွေကို စစ်ဆေးခဲ့ပါတယ်။
ရုရှားအရှေ့ဖျားပိုင်းကို ရောက်ရှိနေတဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ဟာလည်း ဒီနေ့အစောပိုင်းမှာ ရုရှားရဲ့ ပစိဖိတ်ရေတပ်ကို သွားရောက်ဖွယ်ရှိနေပါတယ်။
ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂေးရှိုဂူဟာ ကင်ဂျုံအန်နဲ့အတူ လိုက်ပါပြီး မြောက်ကိုရီးယားနဲ့ရုရှားနှစ်နိုင်ငံအကြား စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေကို ဆွေးနွေးဖွယ်ရှိနေပါတယ်။
Ref: NHK
Photo: The National Interest
#voiceofmyanmar #VOM #RussiaNavy #willadd #12NewSubmarines #ThisYear