အမေရိကန်သမ္မတဂျိုးဘိုင်ဒင်နဲ့ ယူကရိန်းသမ္မတဇီလန်စကီးတို့ ဝါရှင်တန်မှာ တွေ့ဆုံမယ်

ဝါရှင်တန်၊ စက်တင်ဘာ-၁၆-၂၀၂၃
မျိုးဆက်(VOM)

အမေရိကန်သမ္မတဂျိုးဘိုင်ဒင်ဟာ ယူကရိန်းသမ္မတဇီလန်စကီးနဲ့ လာမယ့်သီတင်းပတ်အတွင်း ဝါရှင်တန်မှာ တွေ့ဆုံဆွေးနွေးမှာဖြစ်ကြောင်း အိမ်ဖြူတော်က အတည်ပြုထုတ်ပြန်ပါတယ်။

ဘိုင်ဒင်ဟာ လာမယ့် ကြာသပတေးနေ့မှာ ယူကရိန်းသမ္မတဇီလန်စကီးကို အိမ်ဖြူတော်မှာမှာ လက်ခံတွေ့ဆုံမှာဖြစ်ကြောင်း အိမ်ဖြူတော်အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆူလီဗန်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ယူကရိန်းသမ္မတဇီလန်စကီးဟာ ယခုလအတွင်းကျင်းပမယ့် ကုလသမဂ္ဂအထွေထွေညီလာခံကိုလည်း လူကိုယ်တိုင် တက်ရောက်ဖွယ်ရှိနေကြောင်း သံတမန်သတင်းရင်းမြစ်တွေက ပြောပါတယ်။

ယူကရိန်းကို ထောက်ပံ့ကူညီမှုတွေပြုရာမှာ နိုင်ငံတကာကိုဆက်လက်ဦးဆောင်ဖို့ သမ္မတဘိုင်ဒင်ရဲ့ ကတိကဝတ်တွေကို ထပ်မံအတည်ပြုဖို့ စီစဉ်ထားကြောင်း ဂျိတ်ဆူလီဗန်က ပြောပါတယ်။

ယူကရိန်းအတွက် နောက်ထပ်စစ်ဘက်ဆိုင်ရာ အကူအညီတွေပေးဖို့ကိုလည်း လာမယ့် သီတင်းပတ်မှာ ကြေညာသွားမယ်လို့ အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆူလီဗန်က ပြောပါတယ်။

ဒီအတောအတွင်း မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်နဲ့ ရုရှားသမ္မတပူတင်တို့ ရုရှားမှာတွေ့ဆုံနေပြီး ယူကရိန်းစစ်ပွဲအတွက် ရုရုားကိုလက်နက်တွေထောက်ပံ့မယ်ဆိုရင် မြောက်ကိုရီးယားကို အရေးယူပိတ်ဆို့မှုတွေ ထပ်မံချမှတ်မှာဖြစ်ကြောင်း ဂျိတ်ဆူလီဗန်က ထုတ်ဖော်ပြောဆိုပါတယ်။

Ref:NHK

#voiceofmyanmar #VOM #BidenToMeet #ZelenskyyInWashington #nextweek

Related posts

Leave a Comment

VOM News

FREE
VIEW