အင်းလေးမှာ ကျောင်းသား ၂ ယောက် ဓာတ်လိုက် သေဆုံး

စက်တင်ဘာ ၊ ၂၀ ၊ ၂၀၂၃ SP ( VOM) ရှမ်းပြည် တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် ၊ အင်းလေးဒေသ အင်းပေါခုံကျေးရွာအုပ်စု ၊ ဆည်ခေါင်းရွာမှာရှိတဲ့ မူလတန်းလွန် စာသင်ကျောင်းမှာ မနေ့ စက်တင်ဘာ ၁၉ ရက် နေ့လယ်ပိုင်းက ကျောင်းသား ၂ ဦး ဓာတ်လိုက်ပြီး သေဆုံးသွားတယ်လို့ ဒေသခံ ကျောင်းသားမိဘတွေဆီက သိရပါတယ်။ ” မုန့်စားကျောင်းဆင်းတဲ့အချိန်မှာ ကျောင်းသားတစ်ယောက်က အိမ်သာသွားတယ် ၊ အိမ်သာတက်ပြီး အပြန် ရေကန်ထဲက ရေကိုခပ်တယ် ၊ အဲ့ဒီ ရေကန်ထဲမှာ လျှပ်စစ်မီးကြိုပြတ်ကျနေပြီး ဓာတ်အားရှိနေတဲ့အချိန်ဖြစ်တယ် ၊ အဲ့ဒီမှာ ရေခပ်တဲ့ ကျောင်းသား ဓာတ်လိုက်နေတာကို အခြားကျောင်းသားတယောက်က ဝင်ဆွဲတယ် ၊ ဓာတ်လိုက်တဲ့သူရော ဝင်ဆွဲတဲ့သူပါ ၂ ယောက်စလုံး သေဆုံးတယ်”လို့ ကျောင်းသားမိဘ တယောက်က…

Read More

ယနေ့ ရွှေဈေး (စက်တင်ဘာ- ၂၀ ရက်၊ ညနေ ၄ နာရီ)

ယနေ့ ရွှေဈေး (စက်တင်ဘာ- ၂၀ ရက်၊ ညနေ ၄ နာရီ) Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၁၉၂၉ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၅၅၀၀၀၀ ကျပ် ဝယ်ဈေး ၃၅၀၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၃၅၀၀၀၀ ကျပ် ဝယ်ဈေး ၃၃၀၀၀၀၀ ကျပ် ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။ #voiceofmyanmar #VOM #TodayGoldprice #September20th

Read More

မုံရွာနယ်မှာ လက်နက်မိတဲ့ လူငယ် ၂ ယောက် ပစ်သတ်ဖမ်းဆီးခံရ

စက်တင်ဘာ ၊ ၂၀ ၊ ၂၀၂၃ SP (VOM) စစ်ကိုင်းတိုင်း ၊ မုံရွာမြို့နယ် ၊ ရွာတုံကျေးရွာမှာ မနေ့ စက်တင်ဘာ ၁၉ ရက် နေ့လယ် ၁ နာရီဝန်းကျင်က လူငယ် ၂ ယောက် ပစ်သတ်ဖမ်းဆီးခံရတယ်လို့ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။ ” ရွာတုံရွာနားမှာ ပစ်သတ်ဖမ်းဆီးတယ် ၊ လက်နက်ကိုင်တာကိုတွေ့တယ်ဆိုပြီး ပစ်သတ်တာဖြစ်တယ် ၊ သေဆုံးသူ အလောင်းကို အိမ်မှာသယ်ပြီး အသုဘချရင် အိမ်နဲ့ဝန်းကို ချပ်ပိတ်သိမ်းဆီးခံရမှာစိုးတော့ အသုဘက ပိုင်ရှင်မဲ့ဖြစ်နေတယ် ” လို့ ရွာတုံရွာခံ ပရဟိတသမားတယောက်က ပြောပါတယ်။ ဒါ့အပြင် ပစ်သတ်ဖမ်းဆီးခံရသူတွေဟာ ဘယ်ရွာက ၊ ဘယ်သူဘယ်ဝါ ဆိုတာ မသိဘူးလို့လည်း ရွာတုံရွာခံတွေက ပြောပါတယ်။ အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး မုံရွာခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က…

Read More

တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ဂန်း လူမှုရေးအရှုပ်တော်ပုံကြောင့် ထုတ်ပယ်ခံခဲ့ရကြောင်း ဝေါလ်စရိဂျာနယ် ဖော်ပြ

ဝါရှင်တန်၊ စက်တင်ဘာ-၂၀-၂၀၂၃ မျိုးဆက်(VOM) တရုတ်နိုင်ငံခြာရေးဝန်ကြီးဟောင်း ချင်ဂန်းဟာ အမေရိကန်နိုင်ငံဆိုင်ရာ သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်စဉ်က လူမှုရေးအရှုပ်အရှင်း အိမ်ထောင်ရေးဖောက်ပြန်မှု တွေရှိခဲ့တာကြောင့် ရာထူးကနေ ထုတ်ပယ်ခံရတာဖြစ်ကြောင်း အမေရိကန်အခြေစိုက် ဝေါလ်စရိဂျာနယ်က ရေးသားဖော်ပြထားပါတယ်။ ချင်ဂန်းဟာ အဲဒီအမျိုးသမီးနဲ့ ကလေးယူခဲ့တယ်လို့ ဝေါလ်စရိဂျာနယ်က ဆိုပါတယ်။ သူ့ကို ဝမ်ယီရဲ့နေရာမှာအစားထိုးပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးအဖြစ် ဇူလိုင်လအတွင်းက ခန့်အပ်ခဲ့ပါတယ်။ တရုတ်ကွန်မြူနစ်ပါတီတွင်း စုံစမ်းစစ်ဆေးမှုတွေကြောင့် ချင်ဂန်းရဲ့ လူမှုရေးအရှုပ်တော်ပုံကို ဖော်ထုတ်နိုင်ခဲ့ပြီး တရုတ်ထိပ်တန်းတာဝန်ရှိသူတွေကို သြဂုတ်လအတွင်းက အသိပေးအကြောင်းကြားခဲ့ကြောင်း သတင်းရင်းမြစ်တွေကို ကိုးကားပြီး ဖော်ပြထားပါတယ်။ အမေရိကန်မှာ မွေးဖွားတဲ့ကလေးဟာ အလိုအလျောက်အမေရိကန်နိုင်ငံသားဖြစ်ပြီး တရုတ်နိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွားကို ထိခိုက်စေတာကြောင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးချင်ဂန်းကို ရာထူးကနေ ထုတ်ပယ်ခဲ့တာလို့ ဝေါလ်စရိဂျာနယ်က ဆိုပါတယ်။ တရုတ်ကာကွယ်ရေးဝန်ကြီး လီရှန်းဖူဟာလည်း အကျင့်ပျက်ချစားမှုတွေနဲ့ စုံစမ်းစစ်ဆေးခံနေရကြောင်း သတင်းတွေထွက်ပေါ်နေပြီး သူဟာ လူမြင်ကွင်းကနေ ပျောက်ကွယ်နေတာ သီတင်းသုံးပတ်ရှိပြီဖြစ်ပါတယ်။ Ref: NHK #voiceofmyanmar…

Read More

မူဆယ်အနီးမှာ တိုက်ပွဲပြင်းထန်နေတာကြောင့် ဒေသခံ ၃၀၀ ကျော် တိုက်ပွဲရှောင်နေရပြီး သောက်သုံးရေ ခက်ခဲနေ

စက်တင်ဘာ ၂၀၊ ၂၀၂၃ Shy V(VOM) ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်မြို့အနီးမှာ တပ်နဲ့ TNLA တို့အကြား စက်တင်ဘာ ၁၇ ရက်နေ့မှ ၁၉ ရက်နေ့အထိ တိုက်ပွဲပြင်းထန်နေတာကြောင့် ဒေသခံ ၃၀၀ ကျော် တိုက်ပွဲရှောင်နေရပြီး သောက်သုံးရေ ခက်ခဲနေတယ်လို့ အကူအညီ ပေးနေသူတွေဆီက သိရပါတယ်။ “စစ်ရှောင်က ၃၀၀ ကျော်လောက်ရှိမယ်ဗျ၊ တိုက်ပွဲဖြစ်ရာ အနီးတဝိုက်က ရွာတွေ ၄/၅ ရွာ တိမ်းရှောင်ကြရပြီး လက်ရှိတော့ တုန်ခွမ်ရွာက နမ့်စန့်ဂိုဒေါင် လူငယ်ဇရပ်မှာ ရှောင်လာတဲ့သူတွေရဲ့စာရင်းပဲ သိပြီး တခြား ဆွေမျိုးအိမ်တွေ၊ နမ့်ခမ်းဘက်၊ ကောင်းတပ်ရွာဘက်တွေမှာ ရှောင်တဲ့သူတွေလည်း ရှိတယ်”လို့ လက်ဖက်ညွှန့် လူမှုကူညီရေးအသင်း တာဝန်ရှိသူ ၁ ဦးက ပြောပါတယ်။ မြင့်မြတ်ပါရမီ လူမှုကူညီရေးအသင်း တာဝန်ရှိသူ ၁ ဦးက “ရေ ဗျ။…

Read More

နိုင်ငံခြားငွေလဲလှယ်တဲ့ Money Changer ကုမ္ပဏီ ၁၂၀ ကျော်ကို လိုင်စင်ရုပ်သိမ်း

စက်တင်ဘာ ၂၀ – ၂၀၂၃ SN (VOM) အမိန့်ညွှန်ကြားချက်တွေ မလိုက်နာတာကြောင့် နိုင်ငံခြားသုံးငွေ လဲလှယ်တဲ့ Money Changer ကုမ္ပဏီ ၁၂၀ ကျော်ကို လိုင်စင်ရုပ်သိမ်းလိုက်တယ်လို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က စက်တင်ဘာ ၁၉ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။ အမှုဆောင်ကော်မတီ အစည်းအဝေးဆုံးဖြတ်ချက်အရ ဗဟိုဘဏ်က ခွင့်ပြုထုတ်ပေးထားတဲ့ နိုင်ငံခြားသုံးငွေတွေ ဝယ်ယူရောင်းချ လဲလှယ်ပေးခွင့်လိုင်စင်ရ ကုမ္ပဏီ ၁၂၃ ခုတို့ကို နိုင်ငံခြားငွေများ ဝယ်ယူရောင်းချလဲလှယ်ခွင့်လိုင်စင် (Money Changer License) ရုပ်သိမ်းလိုက်တာဖြစ်တယ်လို့ သိရပါတယ်။ ရုပ်သိမ်းခံလိုက်ရတဲ့ ကုမ္ပဏီတွေထဲမှာ ဆီဒိုးနားဟိုတယ်လည်း ပါဝင်သလို ဒေါ်လာငွေကြေးလဲလှယ်ရောင်းဝယ်ရေးလုပ်ငန်းလုပ်နေတဲ့ Money Changer အများအပြား ပါဝင်လာပါတယ်။ “နိုင်ငံခြားသုံးငွေကြီးကြပ်ရေးကော်မတီ အတွင်းရေးမှူးဖြစ်တဲ့ ဗိုလ်မှူးချုပ် ရန်နောင်စိုးကို ဖမ်းဆီးစစ်ဆေးပြီးနောက်ပိုင်း ဘဏ်တာဝန်ရှိသူတချို့လည်း ဖမ်းဆီးစစ်ဆေးခံရတယ်။ အဲ့ဒီနောက်ပိုင်း အခုလို Money Changer…

Read More

This Day in History

This Day in History Voice of Myanmar ပွါတိုရီကိုတွင် ၂၀၁၇ ခုနှစ် စက်တင်ဘာ ၂၀ ရက်က ဟာရီကိန်းမုန်တိုင်း မာရီယာဝင်ရောက်တိုက်ခတ်မှုကြောင့် လူ ၃၀၀၀ ကျော်သေဆုံးပြီး ဒေါ်လာ ၉၀ ဘီလီယံကျော် ပျက်စီးဆုံးရှုံးခဲ့သည်။ #voiceofmyanmar #VOM #ThisDayInHistory #September20

Read More

ယနေ့ ရွှေဈေးအဖွင့် (စက်တင်ဘာ- ၂၀ ရက်၊ နံနက် ၁၀ နာရီ)

ယနေ့ ရွှေဈေးအဖွင့် (စက်တင်ဘာ- ၂၀ ရက်၊ နံနက် ၁၀ နာရီ) Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၁၉၃၁ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၅၃၀၀၀၀ ကျပ် ဝယ်ဈေး ၃၄၈၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၃၃၀၀၀၀ ကျပ် ဝယ်ဈေး ၃၂၈၀၀၀၀ ကျပ် ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။ #voiceofmyanmar #vom #TodayGoldprice #september20

Read More

ပီရူးမှာ ဘတ်စ်ကားချောက်ထဲကျလို့ လူ (၂၄) ယောက်သေဆုံး

လီမာ၊ စက်တင်ဘာ-၂၀-၂၀၂၃ မျိုးဆက်(VOM) ပီရူးနိုင်ငံမှာ ဘတ်စ်ကားတစီး ချောက်ထဲကျ တိမ်းမှောက်မှုကြောင့် လူ ၂၄ ယောက်ထက်မနည်း သေဆုံးသွားကြောင်း တာ၀န်ရှိသူတွေက ပြောပါတယ်။ အဲဒီဘတ်စ်ကားဟာ ဟွမ်ကာယိုနဲ့ ဟွမ်တာမြို့အကြား အန်ဒက်စ်တောင်တန်းဒေသမှာ ညအချိန်ခရီးထွက်ခဲ့ရာ ပေ ၆၅၀ အနက်ရှိ ချောက်အတွင်းကို ထိုးကျတိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း တာ၀န်ရှိသူတွေက ပြောပါတယ်။ မတော်တဆဖြစ်ပွားရတဲ့ အကြောင်းရင်းကို အာဏာပိုင်တွေက စုံစမ်းစစ်ဆေးနေဆဲဖြစ်ပါတယ်။ အခင်းဖြစ်ပွားရာ လမ်းဟာ လွန်ခဲ့တဲ့တလခန့်က မြေပြိုမှုမှာ ပျက်စီးသွားတဲ့ နေရာဖြစ်ပြီး ပြန်လည်မပြုပြင်ရသေးကြောင်း တာ၀န်ရှိသူတွေက ပြောပါတယ်။ အခင်းဖြစ်ရာနေရာကို ဒေသခံတွေ ဦးစွာရောက်ရှိခဲ့ပြီး ယာဉ်ပေါ်မှာ ခရီးသည်အချို့ကို အသက်ရှင်လျက်တွေ့ရှိခဲ့ကာ ကယ်ဆယ်ရေးသမားတွေရောက်ရှိပြီးနောက် ဆေးရုံပို့ဆောင်ခဲ့ပါတယ်။ ပီရူးမှာ လမ်းမတော်တဆမှုတွေဟာ အထူးသဖြင့်ညဘက်နဲ့ တောင်တန်းထူထပ်တဲ့ ဒေသတွေမျာ အများဆုံးဖြစ်ပွားလေ့ရှိပြီး တရား၀င်ကိန်းဂဏန်းများအရ ၂၀၂၂ ခုနှစ်မှာ ယာဉ်မတော်တဆမှုတွေကြောင့် လူ ၃၃၀၀ ကျော်သေဆုံးခဲ့ပါတယ်။ Ref:…

Read More

လားရှိုးမြို့က CS ဟိုတယ်နား ဗုံးပေါက်ကွဲ ၄ ဦးဒဏ်ရာရ ၁ ဦး သေဆုံး

စက်တင်ဘာ ၁၉၊ ၂၀၂၃ Shy V(VOM) ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့၊ ရပ်ကွက် (၂) က CS ဟိုတယ်နား စက်တင်ဘာ ၁၉ ရက်နေ့ ညနေ ၅ နာရီခွဲခန့်က ဗုံးပေါက်ကွဲလို့ ပြည်သူ ၄ ဦးထိခိုက်ဒဏ်ရာရပြီး ၁ ဦး သေဆုံးသွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “ကျား ၁ သေ။ ကျား ၂ မ ၂ ထိခိုက်ဒဏ်ရာရ။ ကား တစ်စီးပျက်စီး တယ်” လို့ ရဲဌာန တာဝန်ရှိသူ ၁ ဦး က ပြောပါတယ်။ အတိအကျတော့ မသိရေပမယ့် တယောက်ထက်မနည်း ထိခိုက်တာရှိပြီး ပေါက်ကွဲမှု ဖြစ်ပွားတာက နယူးအာရှဟိုတယ်နဲ့ CS ဟိုတယ်ကြား မှာ ပေါက်ကွဲတာဖြစ်ပြီး အဲဒီနားက ‌ေအာင်တံခွန် လားရှိုး…

Read More
VOM News

FREE
VIEW