စက်တင်ဘာ ၁၉၊ ၂၀၂၃
Shy V(VOM)
ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့၊ ရပ်ကွက် (၂) က CS ဟိုတယ်နား စက်တင်ဘာ ၁၉ ရက်နေ့ ညနေ ၅ နာရီခွဲခန့်က ဗုံးပေါက်ကွဲလို့ ပြည်သူ ၄ ဦးထိခိုက်ဒဏ်ရာရပြီး ၁ ဦး သေဆုံးသွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“ကျား ၁ သေ။ ကျား ၂ မ ၂ ထိခိုက်ဒဏ်ရာရ။ ကား တစ်စီးပျက်စီး တယ်” လို့ ရဲဌာန တာဝန်ရှိသူ ၁ ဦး က ပြောပါတယ်။
အတိအကျတော့ မသိရေပမယ့် တယောက်ထက်မနည်း ထိခိုက်တာရှိပြီး ပေါက်ကွဲမှု ဖြစ်ပွားတာက နယူးအာရှဟိုတယ်နဲ့ CS ဟိုတယ်ကြား မှာ ပေါက်ကွဲတာဖြစ်ပြီး အဲဒီနားက ေအာင်တံခွန် လားရှိုး – မန်တုံ ကားဂိတ်နားက ကား ၁ စီး ထိခိုက်ပျက်စီးသွားတယ်လို့ ဒေသခံ အမျိုးသား ၁ ဦးက ပြောပါတယ်။
ဒေသခံ အမျိုး သမီး ၁ ဦးကလည်း “ဟုတ်တယ်။ CS။ သူတို့ ပိုက်ဆံ မပေးလို့ လာဖောက်ခွဲ တာလား မသိဘူး။ လူ တယောက် သေသွားပြီ။” လို့ ဒေသခံ အမျိုး သမီး ၁ ဦးက ပြောပါတယ်။
ဆိုင်ကယ်ထဲက ပေါက်ကွဲ လာတာဖြစ်ပြီး အနီးနားက လူတွေ ထိကုန်တာလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၁၅ ရက်နေ့ မနက်ကလည်း လားရှိုး ဈေးကြီးအတွင်းက ဇွဲထက်ရွှေဆိုင်ရှေ့မှာ ဗုံးပေါက်ကွဲခဲ့ပြီး ပြည်သူ ၁ ဦး သေဆုံးခဲ့ကာ ၁၀ ဦးကျော် ဒဏ်ရာရခဲ့ဖူး ပါတယ်။
Photo Crd# CJ
#voiceofmyamar #VOM #လားရှိုးဗုံးကွဲ