နှစ်နိုင်ငံ တင်းမာမှုတွေကြောင့် ကနေဒါနိုင်ငံသားတွေကို ဗီဇာထုတ်ပေးမှု အိန္ဒိယရပ်ဆိုင်း

ဒေလီ၊ စက်တင်ဘာ-၂၂-၂၀၂၃
မျိုးဆက်(VOM)

ကနေဒါနိုင်ငံမှာ ဆစ်ခ်ခွဲထွက်ရေးခေါင်းဆောင်တစ်ဦး အသတ်ခံရမှုနဲ့ ပတ်သက်ပြီး တင်းမာမှုတွေမြင့်တက်နေစဉ်မှာ ကနေဒါနိုင်ငံသားတွေအတွက် ဗီဇာထုတ်ပေးခြင်းကို အိန္ဒိယက စက်တင်ဘာ ၂၁ ရက်မှာ ရပ်ဆိုင်းလိုက်ပါတယ်။

အခုလို ဗီဇာထုတ်ပေးခြင်း ယာယီရပ်ဆိုင်းရတာဟာ ကနေဒါရှိ အိန္ဒိယသံရုံးရဲ့ လုပ်ငန်းဆောင်တာတွေကို လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုတွေကြောင့်ဖြစ်ကြောင်း အိန္ဒိယဘက်က ထုတ်ပြန်ထားပါတယ်။

ဇွန် ၁၈ ရက်က ဖြစ်ပွားခဲ့တဲ့ ဆစ်ခ်ခေါင်းဆောင်သေဆုံးမှုမှာ နောက်ကွယ်ကနေ အိန္ဒိယနိုင်ငံ ပါဝင်ပတ်သက်နေနိုင်ကြောင်း ကနေဒါဝန်ကြီးချုပ် ထရူးဒိုးက ပြောဆိုပြီးနောက် နှစ်နိုင်ငံအကြား တင်းမာမှုများ မြင့်တက်နေခဲ့တာဖြစ်ပါတယ်။

အဲဒီစွပ်စွဲချက်ဟာ အိန္ဒိယနဲ့ ပြသနာဖြစ်ဖို့ မရည်ရွယ်ကြောင်း ၊ ဒါပေမယ့် တရားဥပဒေစိုးမိုးရေးနနဲ့ ကနေဒါနိုင်ငံသားတွေကို ကာကွယ်ပေးသွားမှာဖြစ်ကြောင်း ကနေဒါဝန်ကြီးချုပ်က စက်တင်ဘာ ၂၁ ရက်ှာ ပြောပါတယ်။

အိန္ဒိယနိုင်ငံကတော့ အဲဒီစွပ်စွဲချက်တွေဟာ အခြေအမြစ်မရှိဘူး ဒေါသတကြီး တုံ့ပြန်ခဲ့ပါတယ်။ အမေရိကန်ရဲ့ ကုန်သွယ်ရေးနဲ့ လုံခြုံရေးမဟာမိတ်များဖြစ်တဲ့ ကနေဒါနဲ့ အိန္ဒိယနိုင်ငံတို့အကြား ဆက်ဆံရေးဟာ လပေါင်းများစွာ တင်းမာနေခဲ့ပြီး လက်ရှိမှာ အဆိုးရွားဆုံးဖြစ်နေကြောင်း နိုင်ငံရေးကအကဲခတ်တွေက သုံးသပ်ပြောဆိုထားပါတယ်။

Ref:BBC
Photo:AFP
#voiceofmyanmar #VOM #India #SuspendsVisas #ForCanadians #escalates

Related posts

Leave a Comment

VOM News

FREE
VIEW