ဖိလစ်ပိုင်မှာ မီးတောင်ပေါက်ကွဲနိုင်ခြေကြောင့် မြို့ကြီးငါးမြို့က စာသင်ကျောင်းတွေ ပိတ်ထားပြီး ဒေသခံတွေကို သတိပေးချက်ထုတ်ပြန်

မနီလာ ၊ စက်တင်ဘာ-၂၂-၂၀၂၃
မျိုးဆက်(VOM)

ဖိလစ်ပိုင်နိုင်ငံ မြို့တော်မနီလာအနီး မီးတောင်တခု အသေးစားပေါက်ကွဲပြီး ဆာလဖာဒိုင်အောက်ဆိုက်နဲ့ မီးခိုးတွေထွက်ရှိနေတာကြောင့် မြို့ကြီးငါးမြို့ရှိ စာသင်ကျောင်းတွေကို ပိတ်ထားပြီး မြို့ငယ်ဒါဇင်များစွာ က ဒေသခံတွေကို အိမ်ထဲမှာနေကြဖို့ အမိန့်ထုတ်ထားပါတယ်။

တားလ်မီးတောင်မှ ချော်ရည်ပူတွေနဲ့ မီးခိုးတွေထွက်ရှိမှုအခြေအနေတွေကို ဆက်လက်စောင့်ကြည့်နေကြောင်း ပြည်နယ် မီးတောင်းနဲ့ မြေငလျင်စောင့်ကြည့်လေ့လာရေးဌာနက ထုတ်ပြန်ထားပါတယ်။
အဲဒီမီးတောင်ဟာ ဘာတန်ဂက်ပြည်နယ်မှာရှိပြီး ပေ ၁၀၂၀ အမြင့်ရှိကာ ဖိလစ်ပိုင်ရှိ မီးတောင် ၂၄ ခုအနက် လှုပ်ရှားမှုအရှိဆုံးမီးတောင်းထဲမှာ ပါဝင်နေပါတယ်။

၂၀၂၀ ခုနှစ် ဇန်နဝါရီလကလည်း ပြာတွေနဲ့ မီးခိုးတွေတွေ ၉ ဒသမ ၃၂ မိုင်ထိ မှုတ်ထုတ်ခဲ့ပြီး လူတသိန်းကျော်ကို ဘေးလွတ်ရာသို့ ရေ့ွှ့ပြောင်းပေးခဲ့ရကာ မြို့တော်မနီလာထိ ပြာတွေကျရောက်မှုကြောင့် လေယာဉ်ခရီးစဉ် ဒါဇင်ပေါင်းများစွာကို ဖျက်သိမ်းခဲ့ရပါတယ်။

မီးတောင်းက ထွက်ရှိလာတဲ့ မီးခိုးမြူတွေကြောင့် ဘာတန်ဂက်ပြည်နယ်က ဒေသခံတွေမှာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါမျိုးတွေခံစားရတာတွေရှိကြောင်း ဖိလစ်ပိုင်အာဏာပိုင်တွေက ပြောပါတယ်။

မီးတောင်ဟာ ရုတ်တရက်ပေါက်ကွဲမှုဖြစ်ပွားနိုင်တာကြောင့် လေယာဉ်တွေအနေနဲ့ မီးတောင်အနီးတဝိုက်ကနေ မပျံသန်းဖို့နဲ့ လေကြောင်းအာဏာပိုင်တွေက လေယာဉ်မှူးတွေကို သတိပေးထုတ်ပြန်ထားပါတယ်။

Ref:Reuters
Photo:Reuters
#voiceofmyanmar #VOM #Philippine #IssuesHealthWarning #Volcano #SmogToCapital

Related posts

Leave a Comment

VOM News

FREE
VIEW