တောင်တရုတ်ပင်လယ်မှာ တရုတ်ချထားတဲ့ ရေပေါ်အတားအဆီးတွေ ဖယ်ရှားရေးလုပ်ဆောင်မယ်လို့ ဖိလစ်ပိုင်ပြော

မနီလာ၊ စက်တင်ဘာ-၂၅-၂၀၂၃
မျိုးဆက်(VOM)

တောင်တရုတ်ပင်လယ် အငြင်းပွားဖွယ်ရေပြင်မှာ တရုတ်နိုင်ငံချထားတဲ့ ရေပေါ်အတားအဆီးတွေကို ဖယ်ရှားဖို့ သင့်လျော်တဲ့နည်းလမ်းအားလုံး လုပ်ဆောင်သွားမှာဖြစ်ကြောင်း ဖိလစ်ပိုင် အမျိုးသားလုံခြုံရေးအကြံပေး အက်ဂျာရာနိုအာနိုက စက်တင်ဘာ ၂၅ ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

တရုတ်ကမ်းခြေစောင့်တပ်က ချထားတဲ့ ရေပေါ်အတားအဆီးတွေကြောင့် အဲဒီရေပြင်ကို ဖိလစ်ပိုင်ငါးဖမ်းသင်္ဘောတွေပါ ဝင်ရောက်ခွင့်မရဖြစ်နေပြီး ငါးဖမ်းသမားတွေရဲ့ အခွင့်အရေးတွေကို ကာကွယ်ပေးသွားမယ်လို့ အမျိုးသားလုံခြုံရေး အကြံပေးကဆိုပါတယ်။

တရုတ်ကမ်းခြေစောင့်တပ်က အခုလို ရေပေါ်အတားအဆီးတွေ ချထားတာကို ရှုတ်ချကြောင်း အခုလိုလုပ်တာကြောင့် ဖိလစ်ပိုင်တံငါသည်တွေရဲ့ မိရိုးဖလာငါးဖမ်းခွင့်ကိုပါ ချိုးဖောက်ရာကျကြောင်း အက်ဂျာရာနိုအာနိုက ပြောပါတယ်။

ဒါ့အပြင် ဒီလိုအတားအဆီးတွေလုပ်ထားတာဟာ နိုင်ငံတကာ ဥပဒေတွေကိုပါချိုးဖောက်ရာရောက်ပြီး ဖိလစ်ပိုင်နိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ တံငါသည်တွေရဲ့ စားဝတ်နေရေးကို ကာကွယ်ဖို့ သင့်လျော်တဲ့ အစီအမံတွေအားလုံး လုပ်ဆောင်သွားမှာဖြစ်ကြောင်း ဖိလစ်ပိုင်အမျိုးသားလုံးခြုံရေး အကြံပေးကပြောပါတယ်။

တောင်တရုတ်ပင်လယ်ရဲ့ ၉၀ ရာခိုင်နှုန်းကို တရုတ်နိုင်ငံကပိုင်ဆိုင်ကြောင်း အခိုင်အမာတောင်းဆိုထားပြီး ဒီနယ်မြေတွေထဲမှာ ဗီယက်နမ်၊ မလေးရှား၊ ဘရူနိုင်း၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်တို့ကလည်း ပိုင်ဆိုင်မှုရှိကြောင်း အငြင်းပွားနေကြပါတယ်။

Ref:Reuters
Photo:Reuters
#voiceofmyanmar #VOM #Philippines #RemoveBarrier #China #SouthChinaSea

Related posts

Leave a Comment

VOM News

FREE
VIEW