ထိုင်ဝမ်ရဲ့ ပထမဆုံး ပြည်တွင်းဖြစ် ရေငုပ်သင်္ဘောသစ် ထုတ်ဖော်ပြသ

တိုင်ပေ၊ စက်တင်ဘာ-၂၈-၂၀၂၃
မျိုးဆက်(VOM)

ထိုင်ဝမ်ဟာ တရုတ်နိုင်ငံရဲ့ တိုက်ခိုက်နိုင်ခြေကို ကာကွယ်နိုင်ဖို့အတွက် ပထမဆုံးသော ပြည်တွင်းဖြစ်ရေငုပ်သေင်္ဘာသစ်ကို ထုတ်ဖော်ပြသလိုက်ပါတယ်။

ပြည်တွင်းဖြစ်ရေငုပ်သင်္ဘောထုတ်လုပ်ရေးစိတ်ကူးကို ယခင်ကမဖြစ်နိုင်လို့ ယူဆခဲ့ပေမယ့် လက်ရှိမှာ အကောင်အထည်ဖော် လုပ်ဆောင်နိုင်ခဲ့ကြောင်း သမ္မတဆိုင်အင်းဝမ်ကပြောပါတယ်။

ရေငုပ်သင်္ဘောဟာ ဒေါ်လာ ၁ ဒသမ ၅၄ ဘီလီယံတန်ဖိုးရှိပြီး ဒီဇယ်-လျှပ်စစ်စွမ်းအင်သုံးရေငုပ်သင်္ဘောဖြစ်ကာ စမ်းသပ်မှုတွေပြုလုပ်ပြီးနောက် ၂၀၂၄ ခုနှစ်အတွင် ထိုင်ဝမ်ရေတပ်မှာ စတင်တာဝန်ထမ်းဆောင်ဖွယ်ရှိပါတယ်။

တရုတ်နိုင်ငံဟာ ထိုင်ဝမ်ကို သူ့ရဲ့ ပိုင်နက်နယ်မြေအဖြစ် အခိုင်အမာသတ်မှတ်ထားပြီး တရုတ်ပြည်မကြီးနဲ့ ပြန်လည်ပေါင်းစည်းရေးအတွက် လိုအပ်ပါက စစ်အင်အားသုံးမည်ဟု ထုတ်ဖော်ပြောဆိုထားပါတယ်။ တရုတ်နိုင်ငံဟာ လာမယ့်နှစ်အနည်းငယ်အတွင်း ထိုင်ဝမ်ကို ကျူးကျော်တိုက်ခိုက်နိုင်ခြေရှိကြောင်း အမေရိကန်က သတိပေးပြောဆိုထားပါတယ်။

ဒါပေမယ့်လည်း ထိုင်ဝမ်ကျွန်းကို ချက်ချင်းတိုက်ခိုက်နိုင်ခြေမရှိကြောင်း စောင့်ကြည့်လေ့လာသူတွေက ယူဆထားပါတယ်။ တရုတ်နိုင်ငံဘက်ကတော့ ထိုင်ဝမ်နှင့် ငြိမ်းချမ်းစွာပြန်လည်ပေါင်းစည်းရေးကို ကြိုးပမ်းနေတယ်လို့ ပြောဆိုထားပါတယ်။

Ref:BBC
Photo:Reuters
#voiceofmyanmar #VOM #Taiwan #Unveils #newSubmarine #fendOff #China

Related posts

Leave a Comment

VOM News

FREE
VIEW