တွမ်မဟော့ခ် ခရုဇ်ဒုံးကျည် အစင်း ၄၀၀ ထိ အမေရိကန်က ဂျပန်ကိုရောင်းဖို့ ဆုံးဖြတ်

 

ဝါရှင်တန်၊ နိုဝင်ဘာ-၁၈-၂၀၂၃

မျိုးဆက်(VOM)

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနဟာ ဂျပန်နိုင်ငံကို တွမ်မဟော့ခ်ခရုဇ်ဒုံးကျည်တွေ ရောင်းချဖို့ ရက်တွင် ခွင့်ပြုလိုက်ပါတယ်။

တွမ်ဟော့ခ်ခရုဇ်ဒုံးကျည် ၄၀၀ ထိဂျပန်ကိုရောင်းချဖို့ ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနဟာ ကွန်ဂရက်ကို အကြောင်းကြားထားပြီး ဒုံးကျည်စနစ်ဆက်စပ်ပစ္စည်တွေအပါအဝင် ဒေါ်လာ ၂ ဒသမ ၃၅ ဘီလီယံ တန်ဖိုးရှိပါတယ်။

ဂျပန်ကာကွယ်ရေးဝန်ကြီး ကီဟာရာမီနိုရူနဲ့ အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်တို့ ပြီးခဲ့သတဲ့လက တွေ့ဆုံဆွေးနွေးပြီးနောက် ဒုံးကျည်တွေရောင်းချရေးကို အမေရိကန်ဘက်က အတည်ပြုလိုက်တာဖြစ်ပါတယ်။

သဘောတူညီချက်အရ ၂၀၂၅ ခုနှစ် ဧပြီလတင်မယ့် ဘဏ္ဍာရေးနှစ်အတွင်း ဂျပန်နိုင်ငံက ဒုံးကျည်တွေကို ဝယ်ယူသွားမှာဖြစ်ပါတယ်။ တွမ်မဟော့ခ်ဒုံးကျည်တွေဟာ အမေရိကန်က တီထွင်ထုတ်လုပ်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အမျိုးအစားဖြစ်ပြီး ပစ်မှတ်တွေကို တိကျစွာ ပစ်ခတ်နိုင်စွမ်းရှိပါတယ်။

ဂျပန်အစိုးရဟာ ရန်သူ့ဒုံးကျည်ပစ်လွှတ်တဲ့ နေရာတွေကို တိုက်ခိုက်ခြင်းလိုမျိုး တန်ပြန်တိုက်ခိုက်ရေးစွမ်းရည်ကို မြှင့်တင်ဖို့အတွက် အဲဒီဒုံးကျည်တွေကို အသုံးပြုဖို့ စီစဉ်နေပါတယ်။

Ref:NHK

Photo:US Navy

Related posts

Leave a Comment

VOM News

FREE
VIEW