ယနေ့ ရွှေဈေး (နိုဝင်ဘာ- ၂၉ ရက်၊ ညနေ ၄ နာရီ)

  Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၄၂ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၆၅၀၀၀၀ ကျပ် ဝယ်ဈေး ၃၆၀၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၄၅၀၀၀၀ ကျပ် ဝယ်ဈေး ၃၄၀၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ် ထောင်ဒဏ် (၁၀) နှစ် ချ မှတ်ခံရ

  နိုဝင်လာ ၂၉ – ၂၀၂၃ SN (VOM) ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်ကို အလုံခရိုင်တရားရုံးက ရာဇသတ်ကြီးပုဒ်မ ၁၂၄-ဃ၊ ရာဇသတ်ကြီးပုဒ်မ ၅ဝ၅ တို့နဲ့ ဒီကနေ့ နိုဝင်ဘာ ၂၉ ရက်မှာ ထောင်ဒဏ် (၁၀) နှစ် ချမှတ်လိုက်တယ်လို့ တရားရေးအသိုင်းအဝိုင်းက သိရပါတယ်။ ရာဇသတ်ကြီးပုဒ်မ ၁၂၄-ဃမှာ တပ်မတော်သားများ (သို့မဟုတ်) အစိုးရအမှုထမ်းများကို ဟန့်တားခြင်း (သို့မဟုတ်) နှောက်ယှက်ခြင်းဖြစ်ပြီး ပုဒ်မ ၅၀၅ (က) ကတော့ ပြည်ထောင်စုအစိုးရရဲ့ ကြည်း၊ ရေ၊ လေ စတဲ့ တပ်တခုခုမှ အရာရှိအား (သို့မဟုတ်) စစ်သည်အား စစ်ပုန်ကန်ခြင်းကိုသော်လည်းကောင်း၊ သက်ဆိုင်ရာတာဝန်ဝတ္တတရားကို မလေးစားခြင်းသော်လည်းကောင်း၊ ပျက်ကွက်ခြင်းသော်လည်းကောင်း၊ ပြုစေရန် အကြံရှိလျှင် (သို့မဟုတ်) ထိုသို့ပြုလုပ်စေသည့် အကြောင်းရှိပါက တရားစွဲဆိုနိုင်တဲ့ ပုဒ်မဖြစ်တယ်လို့ သိရပါတယ်။ “သူက လူမှုကွန်ရက်ပေါ်မှာ…

Read More

၁၀၅ မိုင်နဲ့ မူဆယ်ကြား တိုက်ပွဲတွေကြောင့် ပြည်သူအချို့ပိတ်မိနေပြီး ထိခိုက်ဒဏ်ရာရသူတွေကို မကယ်နိုင်သေး

  နိုဝင်ဘာ ၂၉၊ ၂၀၂၃ Shy V (VOM) ရှမ်းပြည်နယ် မြောက်ပိုင်း၊ တရုတ် – မြန်မာ နယ်စပ်၊ ၁၀၅ မိုင်နဲ့ မူဆယ်ကြား တိုက်ပွဲပြင်းထန်နေဆဲ ဖြစ်ပြီး မန့်မော်ရွာမှာ ပြည်သူ အချို့ပိတ်မိနေကာ ထိခိုက် သေဆုံး ဒဏ်ရာရသူတွေကို ဒီနေ့ နိုဝင်ဘာ ၂၉ ရက်နေ့ အထိ မကယ်နိုင်သေးကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “မန့်မော်မှာ အမျိုးသမီးတယောက် သေတယ်။ ၄၅၆၁ တောင်ကုန်းအခြေကရွာ။ အိမ်တွေလည်း ထိတယ်။ အခု ပရဟိတကားတွေ တက်သွားတာ တုန်ခန် ကွေ့ကနေ ကျော်လို့မရတော့ဘူး။” လို့ ဒေသခံ တယောက်က ပြောပါတယ်။ မနေ့က ၁၀၅ မိုင် ဘက်မှာလည်း ထိခိုက် ဒဏ်ရာရသူတွေ ငါးယောက်ထက် မနည်း ရှိပေမယ့် တိုက်ပွဲ ဖြစ်နေလို့…

Read More

အမေရိကန်စစ်လေယာဉ်တစင်း ဂျပန်ကမ်းလွန်မှာပျက်ကျ ၊ ရှာဖွေကယ်ဆယ်ရေး အပူတပြင်းလုပ်ဆောင်နေ

  တိုကျို၊ နိုဝင်ဘာ-၂၉-၂၀၂၃ မျိုးဆက်(VOM) တပ်ဖွဲ့ဝင်ရှစ်ယောက်လိုက်ပါသွားတဲ့ အမေရိကန်စစ်လေယာဉ်တစင်းဟာ ဂျပန်ကမ်းလွန်မှာ ဒီနေ့ နိုဝင်ဘာ ၂၉ ရက်က ပျက်ကျသွားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဂျပန်နိုင်ငံ ယိုကိုတာလေတပ်စခန်းမှ CV-22 Osprey အမျိုးအစားစစ်လေယာဉ်ဟာ ဂျပန်နိုင်ငံတောင်ဘက်စွန်း ကျူရှူးကျွန်းတောင်ဘက် ယာကူရှီးမားကျွန်းမှာ ပျက်ကျခဲ့တာလို့ ဂျပန်တာဝန်ရှိသူတွေက ပြောပါတယ်။ လေယာဉ်ဟာ ယာကူရှီးမားလေဆိပ်မှာ ဆင်းသက်ဖို့ကြိုးစားရင်း ဒေသစံတော်ချိန် နေ့လယ် ၂ နာရီ ၄၇ မိနစ်မှာ မီးလောင်ပျက်ကျခဲ့တာလို့ ဂျပန်အခြေစိုက် အင်န်အိတ်ချ်ကေ သတင်းဌာနက ဖော်ပြထားပါတယ်။ လက်ရှိမှာတော့ ရှာဖွေကယ်ဆယ်ရေးတွေ အပူတပြင်း လုပ်ဆောင်နေတယ်လို့ ဂျပန်တာဝန်ရှိသူတွေကပြောပါတယ်။ ဒီလေယာဉ်တွေဟာ ရဟတ်ယာဉ်နဲ့တာဘိုပရော့ လေယာဉ်အဖြစ် ပြောင်းလဲနိုင်တဲ့ အမျိုးအစားဖြစ်ပါတယ်။ သြဂုတ်လအတွင်းကလည်း သြစတြေးလျနိုင်ငံမြောက်ပိုင်းမှာပြုလုပ်တဲ့ စစ်ရေးလေ့ကျင့်မှုအတွင်း Osprey အမျိုးအစားလေယာဉ်ပျက်ကျခဲ့ရာ လေယာဉ်ပေါ်ပါ အမေရိကန်မရိန်းတပ်သားသုံးယောက်သေဆုံးခဲ့ပါတယ်။ Ref:BBC Photo:Getty Images  

Read More

Breaking news

  ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်ကို အလုံခရိုင်တရားသူကြီးက ထောင်တွင်းတရားရုံးမှာ ပုဒ်မ ၁၂၄-ဃ အရ ထောင်ဒဏ် ၇နှစ် အလုံမြို့နယ်တရားရုံးက ပုဒ်မ ၅၀၅က အရ ေထာင်ဒဏ်၃နှစ် စုစုပေါင်း ထောင်ဒဏ် ၁၀ နှစ်ချမှတ်လိုက်ပါတယ်။ အပြည်အစုံ ဆက်လက်ဖော်ပြပါမည်။  

Read More

ကိုရီးယားက စားသောက်ဆိုင်လုပ်ငန်းတွေမှာ မြန်မာ EPS လုပ်သားတွေ အလုပ် လုပ်ကိုင်ခွင့် ရရှိတော့မယ်

  နိုဝင်ဘာ ၂၉ – ၂၀၂၃ SN (VOM) လာမယ့် ၂၀၂၄ ခုနှစ်မှ စတင်ပြီး ကိုရီးယားက စားသောက်ဆိုင်လုပ်ငန်းတွေမှာ မြန်မာ EPS လုပ်သားတွေ အလုပ် လုပ်ကိုင်ခွင့် ရရှိတော့မှာဖြစ်တယ်လို့ ပြည်ပအလုပ်အကိုင် အေဂျင်စီတွေဆီက သိရပါတယ်။ အလုပ်သမားအင်အား အထူးလိုအပ်နေတဲ့ စားသောက်ဆိုင်တွေရဲ့တောင်းဆိုမှုတွေအရ တောင်ကိုရီးယားအစိုးရက စားသောက်ဆိုင်တွေကိုပါ E9 လုပ်သားခေါ်ယူခွင့် ပေးလိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။ “အခုက တောင်ကိုရီးယားနိုင်ငံမှာက မွေးဖွားနှုန်းကျဆင်းနေတဲ့အတွက် အလုပ် လုပ်ကိုင်နိုင်မယ့် အသက်အရွယ်ပိုင်းက မရှိသလောက် ဖြစ်နေတယ်။ နိုင်ငံခြားသား လုပ်သားတွေကိုပဲ အားကိုးနေရတဲ့ အနေအထားပေါ့။ အဲ့ဒါကြောင့် သူတို့ဆီက စားသောက်ဆိုင်လုပ်ငန်းတွေက ဒါကို တောင်းဆိုလာတဲ့အတွက် သူတို့အစိုးရက ထပ်တိုး ခွင့်ပြုလိုက်တာပါ။ ဒါပေမယ့် ဒီလုပ်ငန်းခွင်က တခြား လုပ်ငန်းအမျိုးအစားတွေထက် ဘာသာစကားတတ်ကျွမ်းမှု ပိုလိုအပ်ပါတယ်။ ဒီအတွက် သွားမယ်ဆို…

Read More

ရုရှားရဲ့ တိုက်လေယာဉ်တွေဝယ်ဖို့ အီရန်နဲ့ ရုရှား အပြီးသတ် သဘောတူညီချက်ရရှိ

  တီဟီရန်၊ နိုဝင်ဘာ-၂၉-၂၀၂၃ မျိုးဆက်(VOM) အီရန်ဟာ ရုရှားရဲ့ တိုက်လေယာဉ်တွေ၊ တိုက်ခိုက်ရေးရဟတ်ယာဉ်တွေနဲ့ အခြားစစ်လေယာဉ်တွေ ဝယ်ယူဖို့ အပြီးသတ်သဘောတူညီမှုရရှိခဲ့ကြောင်း အီရန်အစိုးရ ထိပ်တန်းတာဝန်ရှိသူတယောက်က ပြောပါတယ်။ အပြီးသတ်သဘောတူညီချက်ရရှိခဲ့ပြီးနောက် သက်ဆိုင်ရာဝယ်ယူရေး လုပ်ငန်းစဉ်တွေကို ဆောင်ရွက်နေကြောင်း အီရန်လက်ထောက်ကာကွယ်ရေးဝန်ကြီး မာဒီဖရာဟီက ဆိုပါတယ်။ စစ်လေယာဉ်တွေ ဝယ်ယူရေးအစီအစဉ်မှာ ဆူး-၃၅ ဂျက်တိုက်လေယာဉ်တွေ၊ အမ်အိုင်-၂၈ တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေနဲ့ လေ့ကျင့်ရေးဂျက်လေယာဉ်တွေ ပါဝင်ကြောင်း သူကပြောပါတယ်။ အီရန်ဟာ ရုရှားကို ပဲ့ထိန်းဒုံးကျည်တွေ ရောင်းချပြီး အပြန်အလှန်အားဖြင့် ရုရှားဆီကနေ စစ်လက်နက်ပစ္စည်းတွေ ဝယ်ယူမယ်လို့ ပြီးသီတင်းပတ်က ထုတ်ဖော်ပြောဆိုပြီးနောက် ရုရှားရဲ့ စစ်လေယာဉ်တွေ ဝယ်ယူရေးသဘောတူညီချက် ထွက်ပေါ်လာတာဖြစ်ပါတယ်။ ယူကရိန်းကို ဆက်လက်ကျူးကျော်တိုက်ခိုက်နေတဲ့ ရုရှားကို မောင်းသူမဲ့လေယာဉ်တွေ ထောက်ပံ့ပေးနေကြောင်း သတင်းတွေကို အီရန်က ငြင်းဆိုထားပါတယ်။ ဒါပေမယ့် လက်ရှိသဘောတူညီချက်ကြောင့် အီရန်-ရုရှားစစ်ရေးပူးပေါင်းဆောင်ရွက်မှု အပေါ် အနောက်အုပ်စုနိုင်ငံတွေက စိုးရိမ်နေကြပါတယ်။ Ref:…

Read More

မုံရွာ – တန့်ဆည် – ကလေးဝ မဟာမြိုင်ကားလမ်း ပိတ်ထား

  နိုဝင်ဘာ ၊ ၂၉ ၊ ၂၀၂၃ SP (VOM) စစ်ကိုင်းတိုင်း ၊ ရေဦးခရိုင် ၊ တန့်ဆည်မြို့ပေါ်မှာ ဒီမနက် ၁ နာရီဝန်းကျင်ကစပြီး အခုသတင်းတင်ချိန် ၁၁နာရီထိ တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် မုံရွာ – တန့်ဆည် – ကလေးဝ မဟာမြိုင်ကားလမ်းပိတ်ထားတယ်လို့ ကားသမားတွေဆီက သိရပါတယ်။ ” ပြီးခဲ့တဲ့ နိုဝင်ဘာ ၃ ရက်စပြီး အဲ့ဒီ မဟာမြိုင်ကားလမ်းကို ဒေသတွင်း လက်နက်ကိုင် အဖွဲ့က ပိတ်ထားတယ် ၊ လမ်းပြန်ဖွင့်ပေးတာ ၂ ရက်ပဲရှိသေးတယ် ၊တန့်ဆည်မြို့မှာ တိုက်ပွဲတွေဖြစ်နေလို့ ဒီကနေ့ ပြန်ပိတ်လိုက်တယ်လို့ သိရတယ် ၊ နိုဝင်ဘာ လဆန်းပိုင်းက ပိတ်မိနေတဲ့ ကားတွေဟာ အခုထိ မဟာမြိုင်ထဲက မလွတ်ကြသေးဘူး ” လို့ ကားသမားတယောက်က ပြောပါတယ်။ ဒါ့အပြင်…

Read More

ယနေ့ ရွှေဈေး (နိုဝင်ဘာ- ၂၉ ရက်၊ နံနက် ၁၀ နာရီ)

  Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၄၇ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၆၆၀၀၀၀ ကျပ် ဝယ်ဈေး ၃၆၁၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၄၆၀၀၀၀ ကျပ် ဝယ်ဈေး ၃၄၁၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။  

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (နိုဝင်ဘာ-၂၉ ရက်)

  Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၄၂၀ ကျပ် ဝယ်ဈေး – ၃၃၇၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၅၄၀ ကျပ် ဝယ်ဈေး – ၂၄၉၀ ကျပ် -ယူရို ရောင်းဈေး – ၃၇၆၉ ကျပ် ဝယ်ဈေး – ၃၆၈၀ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၉၈.၅၂ ကျပ် ဝယ်ဈေး – ၉၆.၁၅ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၅၂ ကျပ် ဝယ်ဈေး – ၇၃၃ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၇၆ ကျပ် ဝယ်ဈေး – ၄၆၆ ကျပ် -ဂျပန်ယန်း ရောင်းဈေး…

Read More
VOM News

FREE
VIEW