ပါကစ္စတန်နယ်စပ် ရဲစခန်းတခုကို စစ်သွေးကြွတွေ တိုက်ခိုက်မှုကြောင့် စစ်သား ၂၃ ယောက်သေဆုံး

 

အစ္စလာမ္မာဘတ်၊ ဒီဇင်ဘာ-၁၃-၂၀၂၃

မျိုးဆက်(VOM)

ပါကစ္စတန်နိုင်ငံမှာ စစ်သွေးကြွတွေက ရဲစခန်းတခုကို ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် စစ်သား ၂၃ ယောက်သေဆုံးသွားကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

အာဖဂန်နစ္စတန်နယ်စပ်အနီး Khyber Pakhtunkhwa ပြည်နယ်ရှိ ရဲစခန်းထဲကို ဖောက်ခွဲရေးပစ္စည်းတွေ တင်ဆောင်ထားတဲ့ မော်တော်ကားတစီးနဲ့ ဝင်ရောက်ဖောက်ခွဲခဲ့တာလို့ တာဝန်ရှိသူတွေက ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုကို ကြိုးကိုင်လုပ်ဆောင်ခဲ့ကြောင်း ပါကစ္စတန်တာလီဘန်တို့နဲ့ ဆက်နွယ်နေတဲ့ စစ်သွေးကြွအဖွဲ့တဖွဲ့က ထုတ်ပြန်ထားပါတယ်။ အဲဒီရဲစခန်းဟာ ပါကစ္စတန်စစ်တပ် အခြေစိုက်စခန်းအဖြစ် အသုံးပြုနေတာဖြစ်ပါတယ်။

စစ်သွေးကြွတွေဟာ မော်တော်ယာဉ်နဲ့ တိုက်ခိုက်ခြင်းမပြုမီ အခြေစိုက်စခန်းထဲကို ဝင်ရောက်ဖို့ ကြိုးစားခဲ့ကြပေမယ့် မအောင်မြင်ခဲ့တာကြောင့် ဖောက်ခွဲရေးပစ္စည်းတွေ တင်ဆောင်ထားတဲ့ မော်တော်ကားနဲ့ တံတိုင်းကို ဝင်တိုက်ပြီး အသေခံဗုံးခွဲတိုက်ခိုက်ခဲ့တာလို့ ပါကစ္စတန်စစ်တပ်က ထုတ်ပြန်ထားပါတယ်။

ဖြစ်စဉ်အတွင်း စစ်သွေးကြွခြောက်ယောက်သေဆုံးခဲ့ပြီး ညတွင်းချင်းပြုလုပ်တဲ့ စစ်ဆင်ရေးအတွင်း စစ်သွေးကြွစုစုပေါင်း ၂၇ ယောက်သေဆုံးခဲ့တယ်လို့ ပါကစ္စတန်စစ်တပ်က ထုတ်ပြန်ထားပါတယ်။

Ref:BBC

Photo:Getty Images

 

Related posts

Leave a Comment

VOM News

FREE
VIEW