တရုတ်နဲ့ ဆက်ဆံရေးအပြောင်းအလဲဖြစ်နိုင်တဲ့ ထိုင်ဝမ်သမ္မတရွေးကောက်ပွဲ ဆန္ဒမဲပေးမှုတွေ စတင်

 

တိုင်ပေ၊ ဇန်နဝါရီ-၁၃-၂၀၂၄

မျိုးဆက်(VOM)

တရုတ်နိုင်ငံနဲ့ အနာဂါတ်ဆက်ဆံရေး အပြောင်းအလဲဖြစ်ပေါ်နိုင်ဖွယ်ရှိတဲ့ ထိုင်ဝမ်သမ္မတရွေးကောက်ပွဲနဲ့ လွှတ်တော်ရွေးကောက်ပွဲတွေကို ဒီနေ့ ဇန်နဝါရီ ၁၃ ရက်မှာ ကျင်းပနေပြီဖြစ်ပါတယ်။

ရွေးကောက်ပွဲအတွက် ထိုင်ဝမ်ပြည်သူ ၁၉ ဒသမ ၅ သန်းဟာ မဲရုံတွေမှာ မဲပေးနေကြပြီး အာဏာရ ဒီမိုကရက်တစ်တိုးတက်ရေးပါတီဟာ ထိုင်ဝမ်ရဲ့ အချုပ်အခြာကို ကာကွယ်ရေးအတွက် တရုတ်နဲ့ အမြဲထိပ်တိုက်တွေ့နေပါတယ်။

ပါတီရဲ့ သမ္မတလောင်း ဝီလျံလိုင်ဟာ ထိုင်ဝမ်ကို ဒုက္ခရောက်စေသူလို့ တရုတ်က တံဆိပ်ကပ်ထားပြီး ပြည်သူတွေအနေနဲ့ သူ့ကို မဲမပေးဖို့ တိုက်တွန်းမှုတွေလည်းရှိခဲ့ပါတယ်။

တဖက်မှာလည်း ထိုင်ဝမ်အဓိက အတိုက်အခံကူမင်တန်ပါတီကတော့ တရုတ်နဲ့ ဆက်ဆံရေးအားကောင်းစေရေး၊ ထိုင်ဝမ်ရေလက်ကြား တည်ငြိမ်အေးချမ်းရေးကို ကတိပေးထားပါတယ်။

တတိယပါတီကြီးတခုကလည်း ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ပေမယ့် ရွေးကောက်ပွဲဟာ ဒီမိုကရက်တစ်ပါတီက ဝီလျံလိုင်နဲ့ ကူမင်တန်ပါတီက ဟိုယူအိုင်ချ်တို့ကြား အဓိကပြိုင်ဆိုင်ရမယ်လို့ ရွေးကောက်ပွဲ သဘောထားစစ်တမ်းတွေက ဖော်ပြထားပါတယ်။

ထိုင်ဝမ်ဟာ ကိုယ်ပိုင်ချုပ်တဲ့ ဒီမိုကရက်တစ်နယ်မြေဖြစ်ပြီး နိုင်ငံတကာက အသိအမှတ်ပြုနိုင်ငံအဆင့် မဟုတ်ပါဘူး ။ထိုင်ဝမ်ကို ပိုင်ဆိုင်တယ်လို့ တရုတ်နိုင်ငံ အခိုင်အမာဆိုထားပြီး ပြည်မကြီးနဲ့ ပြန်လည်ပေါင်းစည်းရေးအတွက် လိုအပ်ရင် စစ်အင်အားအသုံးပြုမယ်လို့ ထုတ်ဖော်ပြောဆိုထားပါတယ်။

Ref:BBC

Photo:BBC

 

Related posts

Leave a Comment

VOM News

FREE
VIEW