အီရတ်ရှိ အီရန်ကျောက်ထောက်နောက်ခံပြု ပြည်သူစစ်တွေကို အမေရိကန် တိုက်ခိုက်

ဝါရှင်တန် ၊ ဇန်နဝါရီ-၂၄-၂၀၂၄
မျိုးဆက်(VOM)

အီရန်ကျောထောက်နောက်ခံပြု ပြည်သူစစ်တွေအသုံးပြုတဲ့ အဆောက်အအုံသုံးခုကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်လို့ အမေရိကန် စစ်တပ်က ထုတ်ပြန်ပါတယ်။

ဒီတိုက်ခိုက်မှုမှာ ခါတိုက်ဘ်ဟဇ်ဘိုလာ ပြည်သူ့စစ်အဖွဲ့နဲ့ အခြားသော အီရန်နဲ့ဆက်နွယ်နေတဲ့ အဖွဲ့တွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်ဖြစ်ကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်က ပြောပါတယ်။

အီရတ်နဲ့ ဆီးရီးယားရှိ အမေရိကန်နဲ့ မဟာမိတ်တွေအပေါ် တိုက်ခိုက်မှုတွေအတွက် တိုက်ရိုက်တုံ့ပြန် တိုက်ခိုက်ခြင်းဖြစ်တယ်လို့ အော်စတင်က ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက အီရန်ကျောထောက်နောက်ခံပြု ပြည်သူ့စစ်တွေဟာ အီရတ်ရှိ အမေရိကန်တပ်ဖွဲ့ဝင်များ တပ်စွဲထားရာ အယ်လ်အာဆတ်လေတပ်အခြေစိုက်စခန်းကိုဒုံးကျည်တွေနဲ့ ပစ်ခတ်မှုကြောင့် တပ်ဖွဲ့ဝင်အများအပြား ဒဏ်ရာရရှိခဲ့သည်။

တိုက်ခိုက်မှုကို အစ္စလာမ္မစ်ခုခံရေးအဖွဲ့က လုပ်ဆောင်ခဲ့ကြောင်း ထုတ်ပြန်ထားပြီး အဲဒီအဖွဲ့ဟာ အီရတ်မှာလှုပ်ရှားနေတဲ့ အီရန်နဲ့ဆက်နွယ်တဲ့ လက်နက်ကိုင်တွေနဲ့ ဖွဲ့စည်းထားပြီး ၂၀၂၃ ခုနှစ်နှောင်းပိုင်းမှာ ပေါ်ပေါက်လာတဲ့ အဖွဲ့ဖြစ်ပါတယ်။

Ref:BBC
Photo:Getty Images

Related posts

Leave a Comment

VOM News

FREE
VIEW