ဇန်နဝါရီ ၁၂ – ၂၀၂၆ SS (VOM) ပြည်ပနိုင်ငံတွေဆီ သွားရောက် အလုပ် လုပ်ကိုင်မယ့် အလုပ်သမားတွေအနေနဲ့ အလုပ်သမား ဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်စာရင်းမှာ ပါမှသာ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေ ထွက်ခွာခွင့် ရရှိတော့မှာဖြစ်တယ်လို့ အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနက မနေ့ ဇန်နဝါရီ ၁၁ ရက်က အသိပေး ထုတ်ပြန်ထားပါတယ်။ မြန်မာအလုပ်သမားတွေ ပြည်ပနိုင်ငံမှာ သွားရောက် အလုပ် လုပ်ကိုင်ခြင်း၊ ခွင့်နဲ့ ပြန်လာခြင်းတွေအတွက် ပြည်ပပြန်လည် ထွက်ခွာလိုပါက အရင်က အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနကို အီးမေးလ် ပေးပို့ကာ ထွက်ခွာခွင့် ပြုထားတာဖြစ်ပေမယ့် ဒီကနေ့ ဇန်နဝါရီ ၁၂ ရက်မှ စတင်ကာ အဲဒီစနစ်ကို ပြောင်းလဲလိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။ “အရင်တုန်းကတော့ အဲဒီ အချက်အလက်တွေကို အီးမေးလ်ကနေ ပို့ခိုင်းတယ်။ ပြီးရင် သူတို့က…
Read MoreDay: January 18, 2026
ရွေးကောက်ပွဲ အပိုင်း-၂ ကြိုတင်မဲကိစ္စ နိုင်ငံရေးပါတီအချို့ ဝေဖန်
ဇန်နဝါရီ ၁၂ ၊ ၂၀၂၆ GG (VOM) မနေ့က ဇန်နဝါရီ ၁၁ ရက်နေ့က ကျင်းပခဲတဲ့ ရွေးကောက်ပွဲ အပိုင်း ၂ မှာလည်း ကြိုတင်မဲ နဲ့ပတ်သက်ပြီး လိုအပ်ချက်တွေ ၊ ကွာဟချက်တွေ ဆက်ရှိနေသေးတယ်လို့ နိုင်ငံရေးပါတီအချို့က ဝေဖန်ပြောဆိုကြပါတယ်။ ပြည်သူ့ရှေ့ဆောင်ပါတီ PP ရဲ့ ဒုတိယဥက္ကဋ္ဌ ဦးစောဟန်အေးက ” တချို့နေရာမှာ ကြိုတင်မဲတွေ ကွာဟတာရှိတယ်။ ကွာဟတယ်ဆိုတာ ပုံစံမှာ ဖြည့်ထားတဲ့ မဲတွေရဲ့ မဲအရေအတွက် ကွာတာတွေရှိတယ်။တချို့က ကြိုတင်မဲလက်မှတ်မှာ သက်ဆိုင်ရာကော်မရှင်ခွဲက လက်မှတ်ထိုးတာမှာ လက်မှတ်က တမျိုးတည်းမဟုတ်ဖြစ်မနေဘဲ သုံးမျိုး လေးမျိုးတွေ့ကတယ် ။အဲဒါ တောင်ဥက္ကလာ ဘက်မှာပါ။ နေရာအချို့မှာတော်တော်များများ ဖြစ်စဥ်တွေရှိပါတယ်။ ဖြစ်စဥ်တခုနဲ့ တခုတော့မတူဘူး ။ ဧရာဝတီတိုင်းဘက်ကလည်း တင်ပြတာရှိတယ်။ ” လို့ ပြောပါတယ်။ ဒါအပြင် မဲရုံတွေကို…
Read Moreအီရန်နဲ့ ကုန်သွယ်တဲ့နိုင်ငံတွေကို အခွန် ၂၅ ရာခိုင်နှုန်းကောက်မယ်လို့ ထရန့်ပြော
တီဟီရန် ၊ ဇန်နဝါရီ-၁၃-၂၀၂၆ မျိုးဆက်(VOM) အီရန်နှင့် ကုန်သွယ်ရေးဆက်ဆံမှုရှိတဲ့ နိုင်ငံတွေမှ ကုန်ပစ္စည်းတွေအပေါ် ၂၅ ရာခိုင်နှုန်း အခွန်ကောက်ခံမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြောကြားခဲ့ပြီး အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲတွေ တတိယအပတ်ရောက်ရှိလာချိန်မှာ အီရန်အပေါ် ဖိအားပေးတဲ့ လုပ်ဆောင်ချက်တခုလည်း ဖြစ်ပါတယ်။ ဒီလိုအခွန်ကောက်ခံမှုဟာ ချက်ချင်း အသက်ဝင်မယ်လို့ ထရန့်က ဆိုပါတယ်။ တရုတ်နိုင်ငံဟာ အီရန်ရဲ့ အကြီးဆုံးကုန်သွယ်ဖက်တွေဖြစ်ပြီး အဲဒီနောက်မှာတော့ အီရတ်၊ အာရပ်စော်ဘွားများပြည်ထောင်စု၊ တူရကီနဲ့ အိန္ဒိယတို့ ရှိနေပါတယ်။ ဘယ်နိုင်ငံက သွင်းကုန်တွေ အပြင်းထန်ဆုံးထိခိုက်မယ်ဆိုတာ အပါအဝင် အခွန်ကောက်ခံမှုတွေနဲ့ ပတ်သက်တဲ့ နောက်ထပ်အချက်အလက်တွေကို အိမ်ဖြူတော်က ထုတ်ပြန်ခြင်းမရှိပါဘူး။ အီရန်အစိုးရက ဆန္ဒပြသူတွေကို သတ်ဖြတ်ပါက စစ်ရေးအရ ဝင်ရောက်စွက်ဖက်မယ်လို့ ထရမ့်က ခြိမ်းခြောက်ပြီးနောက် ယခုအခွန်ကောက်ခံမှုအသစ် ထွက်ပေါ်လာတာပါ။ အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူ ကာရိုလင်းလီဗစ်ကတော့ အီရန်ကို လေကြောင်းတိုက်ခိုက်မှုအပါအဝင် စစ်ရေးရွေးချယ်မှုတွေ စားပွဲပေါ်မှာရှိနေဆဲဖြစ်တယ်လို့ ပြောပါတယ်။ အီရန်ငွေကြေး…
Read Moreနေပြည်တော်မှာ ပထမဆုံးအကြိမ် လူငယ်ငြိမ်းချမ်းရေးဖိုရမ် ကျင်းပ
နေပြည်တော်၊ ဇန်နဝါရီ – ၁၃- ၂၀၂၆ Voice Of Myanmar အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ က ဦးဆောင်ပြီးတော့ ဒီကနေ့ ဇန်နဝါရီ ၁၃ ရက်နေ့ မနက်ပိုင်းက နေပြည်တော်မှာရှိတဲ့ MICC I မှာ လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ (Youth Peace Forum 2026) ဖွင့်ပွဲ ကျင်းပခဲ့ပါတယ်။ လူငယ်ငြိမ်းချမ်းရေးဖိုရမ် ဖွင့်ပွဲအခမ်းအနားကို နိုင်ငံတော်လုံခြုံရေးနဲ့ အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပေးခဲ့ပြီး အမှာစကားပြောကြားခဲ့ပါတယ်။ ဒီဖိုရမ်ဟာ မြန်မာနိုင်ငံမှာ ကျင်းပတာ ပထမဆုံးအကြိမ်ဖြစ်ပြီးတော့ ဇန်နဝါရီ ၁၃ ရက်နေ့ ကစပြီး ဇန်နဝါရီ ၁၅ ရက်နေအထိ ၃ ရက်တိတိ ပြုလုပ်မှာဖြစ်ပါတယ်။ ဒီ လူငယ်ငြိမ်းချမ်းရေးဖိုရမ်ဟာ (က) ငြိမ်းချမ်းရေးနှင့် လူမှုအသိုက်အဝန်းတည်ငြိမ်ရေးတွင် အားလုံးပါဝင်သောလူငယ်များ၏ဆောင်ရွက်ချက်များ အရေးကြီးသည်ကို…
Read Moreပြည်တွင်းရွှေဈေး ၉၇ သိန်းဝန်းကျင်နဲ့ ထပ်မံ စံချိန်ချိုး
ဇန်နဝါရီ ၁၃ – ၂၀၂၆ SN (VOM) ကမ္ဘာ့ရွှေဈေး ဆက်တိုက် အတက်ကြမ်းနေမှုနဲ့အတူ လက်ရှိ ပြည်တွင်းက အခေါက်ရွှေဈေးဟာလည်း ဒီကနေ့ ဇန်နဝါရီ ၁၃ ရက်မှာ ကျပ် ၉၇ သိန်းဝန်းကျင်ကို ထပ်မံ စံချိန်ချိုး မြင့်တက်လာပြီး မြန်မာ့ရွှေဈေး သမိုင်းတလျှောက် အမြင့်ဆုံးဈေး ဖြစ်လာတယ်လို့ ရွှေလုပ်ငန်းရှင်တွေက ပြောပါတယ်။ ပြည်တွင်းရွှေဈေးဟာ မနေ့ ဇန်နဝါရီ ၁၂ ရက်၊ မနက်ပိုင်းမှာ အခေါက်ရွှေ တကျပ်သား ကိုးဆယ့်ငါးသိန်း ကိုးသောင်းကျပ် ဝန်းကျင်မှာ ရှိခဲ့တာဖြစ်ပြီး တရက်အတွင်း ကျပ် တသိန်းကျော် မြင့်တက်လာတာဖြစ်ကာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၆ ရက်နေ့က ဖြစ်ပေါ်ခဲ့တဲ့ ဈေးတန်းနဲ့ နှိုင်းယှဉ်မယ်ဆိုရင်တော့ တပတ်အတွင်း ကျပ် သုံးသိန်းကျော်ဝန်းကျင် အတက်ရှိခဲ့တာကို တွေ့ရပါတယ်။ “လက်ရှိ ပြည်တွင်းရွှေဈေး အခြေအနေက ကမ္ဘာ့ဈေးပေါ်…
Read Moreဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင် မာချာဒိုနဲ့ ဒေါ်နယ်ထရန့် အိမ်ဖြူတော်မှာ တွေ့မယ်
ကရာကတ်စ်၊ ဇန်နဝါရီ-၁၃-၂၀၂၆ ရတီ(VOM) ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် မာရီယာ ကိုရီနာ မာချာဒိုဟာ ကြာသပတေးနေ့မှာ သမ္မတဒေါ်နယ်ထရန့်နဲ့ တွေ့ဆုံမယ်လို့ အိမ်ဖြူတော်က ထုတ်ပြန်ပါတယ်။ ဗင်နီဇွဲလားသမ္မတ နီကိုလက်စ် မာဒူရိုကို အမေရိကန်တပ်ဖွဲ့တွေက ကာရာကတ်စ်မှာ ဖမ်းဆီးပြီး ရက်သတ္တပတ်အနည်းငယ်အကြာမှာ ယခုခရီးစဉ် ထွက်ပေါ်လာတာပါ။ ဒါပေမယ့်လည်း ၂၀၂၄ ခုနှစ် ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ မာချာဒိုကို ဗင်နီဇွဲလားခေါင်းဆောင်သစ်အဖြစ် ဒေါ်နယ်ထရန့်က ထောက်ခံခြင်းမရှိခဲ့ပါဘူး။ အမေရိကန်ပြည်ထောင်စုဟာ မာဒူရိုရဲ့ ဒုတိယသမ္မတဟောင်း ဒယ်လ်စီ ရိုဒရီဂွက်ဇ်ကို ထောက်ခံခဲ့ပါတယ်။ မာချာဒိုက မာဒူရိုအပေါ် လုပ်ဆောင်ချက်အတွက် ထရန့်ကို ကျေးဇူးတင်ကြောင်း ပြောကြားလိုတယ်လို့ ပြီးခဲ့တဲ့အပတ်က ပြောကြားခဲ့ပါတယ်။ ဒါအပြင် ထရန့်အတွက် သူမရဲ့ နိုဘယ်ဆုကို လွှဲပြောင်းပေးလိုတယ်လို့ ပြောကြားခဲ့ပေမယ့် နိုဘယ်ကော်မတီကတော့ ဒီလိုလွှဲပြောင်းပေးလို့မရဘူးလို့ သတိပေးခဲ့ပါတယ်။ ယခုလအစောပိုင်းမှာ မာဒူရိုကို ရာထူးမှဖယ်ရှားပြီးနောက် ထရန့်က မာချာဒိုဟာ…
Read Moreလူငယ်တွေရဲ့ အားနဲ့ လူကြီးတွေရဲ့ အတွေ့အကြုံ ပေါင်းစပ်ရင် တိုင်းပြည်အတွက် အားဖြစ်ပြီး အထောက်အကူရမယ်
နေပြည်တော်၊ ဇန်နဝါရီ – ၁၃- ၂၀၂၆ Voice Of Myanmar နေပြည်တော် MICC I မှာကျင်းပတဲ့ လူငယ် ငြိမ်းချမ်းရေးဖိုရမ် (YOUTH PEACE FORUM) ဖွင့်ပွဲ အခမ်းအနားကို နိုင်ငံတော်လုံခြုံရေးနဲ့ အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် အဖွင့်မိန့်ခွန်း ပြောကြားခဲ့ပြီး ငြိမ်းချမ်းရေး၊ လူငယ်အရေး၊ ပညာရေးကဏ္ဍဆိုင်ရာတွေကို အဓိကထား ပြောကြားခဲ့ပါတယ်။ ရိုက်ကူးတည်းဖြတ် – ရှိုင်းအောင် (VOM)
Read Moreဖိလစ်ပိုင် အမှိုက်ပုံပြိုကျမှု သေဆုံးသူ ၁၁ ယောက်အထိရှိလာပြီး ပျောက်နေသူ ၂၀ ကျော် အသက်ရှင်ဖွယ်မရှိ
မနီလာ၊ ဇန်နဝါရီ-၁၃-၂၀၂၆ မျိုးဆက်(VOM) ဖိလစ်ပိုင်အလယ်ပိုင်းရှိ အမှိုက်ပုံပြိုကျမှုမှာ သေဆုံးသူဦးရေ ၁၁ ယောက်အထိ မြင့်တက်လာပြီး အသက်ရှင်ကျန်ရစ်သူတွေကို ရှာဖွေတွေ့ရှိဖို့ မျှော်လင့်ချက် မရှိတော့ဘူးလို့ တာဝန်ရှိသူတွေက ပြောပါတယ်။ စီဘူးမြို့ရှိ ဘီနာလီ၀ူ ပြီးခဲ့တဲ့အပတ်က ပြိုကျမှုဖြစ်ပွားခဲ့ပြီး အခင်းဖြစ်ချိန်မှာ အလုပ်သမား ၁၀၀ ကျော် နေရာမှာရှိနေခဲ့ပါတယ်။ ကယ်ဆယ်ရေးသမားတွေဟာ အပျက်အစီးများကြားမှ ဒဏ်ရာရသူ ၁၂ ယောက်ကို ဆွဲထုတ်နိုင်ခဲ့ပေမယ့် လူ ၂၀ ကျော်ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။ အပျက်အစီးတွေနဲ့ အမှိုက်တန်ချိန်များစွာ ပြိုကျပြီးသုံးရက်အကြာမှာတော့ ပျောက်ဆုံးနေသူတွေ အသက်ရှင်ဖို့ မဖြစ်နိုင်တော့ကြောင်း ဒေသခံမီးသတ်တာဝန်ရှိသူက ပြောပါတယ်။ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ပြိုကျမှု အကြောင်းရင်းကို စုံစမ်းစစ်ဆေးဖို့နဲ့ နိုင်ငံရဲ့ အမှိုက်စီမံခန့်ခွဲမှုစနစ်ကို ပြန်လည်သုံးသပ်ဖို့ တောင်းဆိုမှုတွေ ပေါ်ပေါက်လာခဲ့ပါတယ်။ အမှိုက်ပုံ စီမံခန့်ခွဲနေတဲ့ ကုမ္ပဏီကို လုပ်ငန်းတွေရပ်ဆိုင်းထားဖို့ အာဏာပိုင်တွေက အမိန့်ပေးထားပြီး ဖြစ်စဉ်နဲ့ ပတ်သက်လို့ ဖြေရှင်းချက်ကို ရက်…
Read Moreလူငယ်တွေရဲ့ အားကို ယူပြီးတော့ ငြိမ်းချမ်းရေးကဏ္ဍမှာ ပိုမို တိုးချဲ့ လုပ်ဆောင်သွားဖို့ အကောင်ထည်ဖော်မယ်
နေပြည်တော်၊ ဇန်နဝါရီ – ၁၃- ၂၀၂၆ Voice Of Myanmar နေပြည်တော်မှာ အမျိုးသားအဆင့် ပထမဆုံးအကြိမ် ကျင်းပပြုလုပ်တဲ့ လူငယ်ငြိမ်းချမ်းရေးဖိုရမ်၂၀၂၆(YOUTH PEACE FORUM 2026) မှာ ဘယ်လိုလူတွေ ပါဝင်သလဲ၊ ဘယ်လိုတွေ စီစဥ်ထားလဲ ဆိုတာနဲ့ လူငယ်တွေရဲ့ အခန်းကဏ္ဍနဲ့ ငြိမ်းချမ်းရေးမှာ ပါဝင်အကောင်ထည်ဖော်မယ် ဆိုတာတွေကို အမျိုးသားစည်းလုံး ညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်က မီဒီယာတွေကို ဖြေကြားထားပါတယ်။ ရိုက်ကူးတည်းဖြတ် – ရှိုင်းအောင် (VOM)
Read Moreလူငယ်တွေရဲ့ ငြိမ်းချမ်းရေးမျှော်မှန်းချက် စကားသံ
နေပြည်တော်၊ ဇန်နဝါရီ – ၁၃- ၂၀၂၆ Voice Of Myanmar နေပြည်တော်မှာ အမျိုးသားအဆင့် ကျင်းပပြုလုပ်နေတဲ့ လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ (YOUTH PEACE FORUM 2026) ဆွေးနွေးပွဲမှာ ပါဝင်ဖို့ အစုအဖွဲ့နဲ့ အလွှာ အသီးသီးက လူငယ်ကိုယ်စား လှယ် ၃၂၀ ဖိတ်ကြားထားပါတယ်။ ဖိတ်ကြားထားတဲ့ လူငယ်ကိုယ်စားလှယ် တချို့ရဲ့ ငြိမ်းချမ်းရေးမျှော်လင့်ချက်နဲ့ သဘောထားတွေကို VOM က မေးမြန်းထားပါတယ်။ ဒီကနေ့မနက်က ကျင်းပခဲ့တဲ့ လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ (YOUTH PEACE FORUM 2026) ဖွင့်ပွဲ အခန်းအနားမှာတော့ နိုင်ငံတော် အကြီးအကဲနဲ့ ပြည်ထောင်စု အစိုးရအဖွဲ့ဝင်တွေအပြင် ဖိတ်ကြားထားသူ စုစုပေါင်း အင်အားတထောင်ကျော်နဲ့ နေပြည်တော်က MICC I မှာ ဖွင့်ပွဲ ကျင်းပခဲ့ပါတယ်။ နေ့လည်ပိုင်းအစီအစဥ်မှာတော့ ညှိနှိုင်းရေးကော်မတီဝင် ၉…
Read More