နေပြည်တော်၊ ဇန်နဝါရီ – ၁၃- ၂၀၂၆
Voice Of Myanmar
နေပြည်တော်မှာ အမျိုးသားအဆင့် ကျင်းပပြုလုပ်နေတဲ့ လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ (YOUTH PEACE FORUM 2026) ဆွေးနွေးပွဲမှာ ပါဝင်ဖို့ အစုအဖွဲ့နဲ့ အလွှာ အသီးသီးက လူငယ်ကိုယ်စား လှယ် ၃၂၀ ဖိတ်ကြားထားပါတယ်။
ဖိတ်ကြားထားတဲ့ လူငယ်ကိုယ်စားလှယ် တချို့ရဲ့ ငြိမ်းချမ်းရေးမျှော်လင့်ချက်နဲ့ သဘောထားတွေကို VOM က မေးမြန်းထားပါတယ်။
ဒီကနေ့မနက်က ကျင်းပခဲ့တဲ့ လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ (YOUTH PEACE FORUM 2026) ဖွင့်ပွဲ အခန်းအနားမှာတော့ နိုင်ငံတော် အကြီးအကဲနဲ့ ပြည်ထောင်စု အစိုးရအဖွဲ့ဝင်တွေအပြင် ဖိတ်ကြားထားသူ စုစုပေါင်း အင်အားတထောင်ကျော်နဲ့ နေပြည်တော်က MICC I မှာ ဖွင့်ပွဲ ကျင်းပခဲ့ပါတယ်။
နေ့လည်ပိုင်းအစီအစဥ်မှာတော့ ညှိနှိုင်းရေးကော်မတီဝင် ၉ ဦး၊ ဒုတိယဝန်ကြီးနှင့် အဆင့်တူများ ၁၆ ဦး၊ ဖိတ်ကြားထားသူ ၁၉ ဦး၊ speaker ၁၃ ဦး၊ ကျင်းပရေးကော်မတီဝင်တွေနဲ့ ဝန်ကြီးဌာနတွေက ကျွမ်းကျင်ပညာရှင် ၁၉ ဦး၊ Coordinator များနှင့် Facilitator များ ၄၈ ဦး၊ အစုအဖွဲ့နဲ့ အလွှာ အသီးသီးက လူငယ်ကိုယ်စား လှယ် ၃၂၀ ဦး၊ လေ့လာသူ ၈ ဦး စုစုပေါင်း ၄၅၂ ဦးတို့က ” ငြိမ်းချမ်းရေး လက်ဆင့်ကမ်းခြင်းနဲ့ ငြိမ်းချမ်းသော လူ့အဖွဲ့အစည်း မြှင့်တင်ခြင်း” ဆိုတဲ့ ခေါင်းစဥ်နဲ့ ဆွေးနွေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
