ခြံအမှတ် ၅၄ ကို လေလံဆွဲမယ့်သူမရှိလို့ လေလံပွဲမအောင်မြင်

 

မတ် ၂၀ – ၂၀၂၄

SN (VOM)

ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်း ဒေါ်အောင်ဆန်းစုကြည် နေထိုင်ခဲ့တဲ့ ခြံအမှတ် (၅၄) နဲ့ နေအိမ်ကို ဒီကနေ့ မတ်လ ၂၀ ရက်မှာ လေလံတင် ရောင်းချမယ့်ကိစ္စ လေလံဆွဲမယ့်သူမရှိလို့ မအောင်မြင်ခဲ့ဘူးလို့ နီးစပ်သူတွေဆီက သိရပါတယ်။

ခြံအမှတ် ၅၄ ကို လေလံဆွဲမယ့်သူမရှိလို့ လေလံပွဲမအောင်မြင်

ခြံအမှတ် (၅၄) လေလံပွဲမှာ တရားရုံးအရာရှိနဲ့ တရားရုံးစာရေးတို့က လေလံဆွဲမယ့်သူ ရှိ၊ မရှိ သုံးကြိမ် မေးမြန်းခဲ့ပြီးနောက် မရှိတဲ့အတွက် လေလံပွဲ မအောင်မြင်တဲ့အကြောင်း ကြေညာခဲ့တယ်လို့ သိရပါတယ်။

ဒီလေလံပွဲနဲ့ ပတ်သက်လို့ စီးပွားရေးနဲ့ ဥပဒေအကြံပေးတယောက်က “ဒီလေလံပွဲကိုတော့ တော်ရုံလူ၊ ဘယ်သူမှ လာပြီးတော့ လေလံဆွဲရဲမယ့်ပုံမပေါ်ဘူး။ အဲတော့ ဒီလေလံပွဲနဲ့ပတ်သက်လို့က တရားရုံးက လေလံတင်မယ့်ရက်တွေကို အကြိမ်ကြိမ် ထပ်ပြီး ကြေညာသွားရဖို့ရှိတယ်” လို့ ပြောပါတယ်။

ဒီကနေ့ လေလံပွဲကို လုံခြုံရေးအပြည့်နဲ့ ပြုလုပ်ခဲ့တာဖြစ်တယ်လို့ သိရပြီး လေလံပွဲမအောင်မြင်တဲ့အတွက် တရားရုံးက လေလံတင်မယ့်ရက်ကို နောက်တကြိမ် ထပ်မံ ကြေညာသွားမှာဖြစ်တယ်လို့ သိရပါတယ်။

“လေလံပွဲ မအောင်မြင်ဘူးဆိုရင် တရားနိုင်ဘက်က လေလံတင်ကြမ်းခင်းစျေး လျော့ချဖို့အတွက် တရားရုံးကို လျှောက်ထားလို့ ရပါတယ်။ လေလံတင်မှု အကြိမ်ကြိမ် မအောင်မြင်ဘူးဆိုရင်တော့ အခု သတ်မှတ်ထားတဲ့ ဈေးနှုန်းထက် လျော့နည်းတဲ့ ဈေးနှုန်းတွေနဲ့ ရောင်းချသွားရနိုင်ခြေရှိနေပါတယ်။ ဒါပေမယ့် ကျွန်တော့်အမြင်ကတော့ ဒီလေလံပွဲက အောင်မြင်ဖို့ အလားအလာ အင်မတန် နည်းပါတယ်၊ မရှိသလောက်ပါဘဲ။ လေလံပွဲ ဆက်မလုပ်ဘူး၊ ဖျက်သိမ်းမယ် ဆိုရင်တော့ တရားရုံးက ပြန်ရုပ်သိမ်းကြောင်း ကြေညာရမှာပါ” လို့ သူက ပြောပါတယ်။

ခြံအမှတ် (၅၄) နေအိမ်နဲ့ ခြံဝန်းကို ဒီကနေ့ မတ်လ ၂၀ ရက်မှာ လေလံတင်ရောင်းချဖို့ ရန်ကုန်မြို့၊ ကမာရွတ်ခရိုင်တရားရုံးက ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၅ ရက်မှာ အမိန့်ချမှတ်ခဲ့တာဖြစ်ပြီး နေအိမ်လေလံတန်ဖိုးကို ကျပ်သိန်းပေါင်း သုံးသန်း တသိန်းငါးသောင်း (အမေရိကန်ဒေါ်လာ သန်း ၉၀ ခန့်) သတ်မှတ်ထားတာ ဖြစ်တယ်လို့ သိရပါတယ်။

အဲဒီနေရာရဲ့ အကျယ်အဝန်းဟာ ၁ ဒသမ ၉၂၃ ဧက ရှိပြီး ဒေါ်ခင်ကြည် အမည်ပေါက်ပိုင်ဆိုင်တာဖြစ်တယ်လို့ သိရပါတယ်။

Photo Crd: Original Uploader

 

Related posts

Leave a Comment

VOM News

FREE
VIEW