ပြီးခဲ့တဲ့နှစ်မှာ ကမ္ဘာ့လေထု အညစ်ညမ်းဆုံးမြို့အဖြစ် မြို့တော်ဒေလီ ပထမချိတ် ဒေလီ၊ မတ်-၂၁-၂၀၂၄ မျိုးဆက်(VOM) အိနိ္ဒယနိုင်ငံ မြို့တော်ဒေလီရဲ့ လေထုအရေအသွေးဟာ ကမ္ဘာပေါ်မှာ ၂၀၂၃ ခုနှစ်ရဲ့ လေထုအညစ်ညမ်းမှုအရှိဆုံးမြို့အဖြစ် ပထမနေရာမှာ ရပ်တည်ခဲ့ကြောင်း ဆွစ်ဇာလန်အခြေစိုက် လေထုအရေအသွေး စောင့်ကြည့်ရေးအဖွဲ့က ပြောပါတယ်။ ဒေလီမြို့တည်ရှိနေတဲ့ အိနိ္ဒယနိုင်ငံဟာလည်း အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နဲ့ ပါကစ္စတန်တို့ပြီးရင် ကမ္ဘာပေါ်မှာ လေထုအညစ်ညမ်းဆုံး တတိယချိတ်နေတဲ့ နိုင်ငံတနိုင်ငံဖြစ်နေတယ်လို့ IQAir သုတေသနအဖွဲ့က ဆိုပါတယ်။ လေထုညစ်ညမ်းမှုအရှိဆုံးနိုင်ငံအဖြစ် အဆင့်ရှစ်မှာ ရပ်တည်ခဲ့တဲ့ ၂၀၂၂ ခုနှစ်နောက်ပိုင်း အိနိ္ဒယနိုင်ငံရဲ့ လေထုအရေအသွေးဟာ ပိုမိုဆိုးရွားလာခဲ့တယ်လို့ ပြောပါတယ်။ ဒါဟာ အိနိ္ဒယနိုင်ငံရဲ့ မြို့အများအပြားမှာ ဆိုးရွားတဲ့ ပြသနာတရပ်အဖြစ် ရင်ဆိုင်နေရပါတယ်။ မြို့တော်ဒေလီကတော့ တနှစ်ပတ်လုံး လေထုအရေအသွေးညံ့ဖျင်းမှုနဲ့ ရင်ဆိုင်နေရပြီး အထူးသဖြင့် ဆောင်းရာသီမှာဖြစ်ပါတယ်။ အနီးနားပြည်နယ်တွေက လယ်သမားတွေက ရိတ်သိမ်းပြီးစိုက်ပျိုးမြေတွေကို မီးရှို့မှု၊ စက်ရုံတွေနဲ့ မော်တော်ယာဉ်တွေက ဓာတ်ငွေ့ထုတ်လွှတ်မှု၊ လေတိုက်နှုန်းနည်းပါးမှုနဲ့ ပွဲတော်ကာလ မီးရှုးမီးပန်းတွေကြောင့် ပိုမိုဆိုးရွားနေပါတယ်။ ဒါအပြင် သဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်းမှုဆိုင်ရာ ဥပဒေတွေ အားနည်းမှုနဲ့အတူ စက်မှုကဏ္ဍ လျှင်မြန်စွာ တိုးတက်ထွန်းကားလာတာကလည်း အိနိ္ဒယရဲ့ လေထုညစ်ညမ်းမှုကို ပိုမိုဆိုးရွားစေတယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။ Ref:BBC Photo:Getty Images

ပြီးခဲ့တဲ့နှစ်မှာ ကမ္ဘာ့လေထု အညစ်ညမ်းဆုံးမြို့အဖြစ် မြို့တော်ဒေလီ ပထမချိတ်

ဒေလီ၊ မတ်-၂၁-၂၀၂၄
မျိုးဆက်(VOM)

အိနိ္ဒယနိုင်ငံ မြို့တော်ဒေလီရဲ့ လေထုအရေအသွေးဟာ ကမ္ဘာပေါ်မှာ ၂၀၂၃ ခုနှစ်ရဲ့ လေထုအညစ်ညမ်းမှုအရှိဆုံးမြို့အဖြစ် ပထမနေရာမှာ ရပ်တည်ခဲ့ကြောင်း ဆွစ်ဇာလန်အခြေစိုက် လေထုအရေအသွေး စောင့်ကြည့်ရေးအဖွဲ့က ပြောပါတယ်။

ဒေလီမြို့တည်ရှိနေတဲ့ အိနိ္ဒယနိုင်ငံဟာလည်း အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နဲ့ ပါကစ္စတန်တို့ပြီးရင် ကမ္ဘာပေါ်မှာ လေထုအညစ်ညမ်းဆုံး တတိယချိတ်နေတဲ့ နိုင်ငံတနိုင်ငံဖြစ်နေတယ်လို့ IQAir သုတေသနအဖွဲ့က ဆိုပါတယ်။

လေထုညစ်ညမ်းမှုအရှိဆုံးနိုင်ငံအဖြစ် အဆင့်ရှစ်မှာ ရပ်တည်ခဲ့တဲ့ ၂၀၂၂ ခုနှစ်နောက်ပိုင်း အိနိ္ဒယနိုင်ငံရဲ့ လေထုအရေအသွေးဟာ ပိုမိုဆိုးရွားလာခဲ့တယ်လို့ ပြောပါတယ်။ ဒါဟာ အိနိ္ဒယနိုင်ငံရဲ့ မြို့အများအပြားမှာ ဆိုးရွားတဲ့ ပြသနာတရပ်အဖြစ် ရင်ဆိုင်နေရပါတယ်။

မြို့တော်ဒေလီကတော့ တနှစ်ပတ်လုံး လေထုအရေအသွေးညံ့ဖျင်းမှုနဲ့ ရင်ဆိုင်နေရပြီး အထူးသဖြင့် ဆောင်းရာသီမှာဖြစ်ပါတယ်။ အနီးနားပြည်နယ်တွေက လယ်သမားတွေက ရိတ်သိမ်းပြီးစိုက်ပျိုးမြေတွေကို မီးရှို့မှု၊ စက်ရုံတွေနဲ့ မော်တော်ယာဉ်တွေက ဓာတ်ငွေ့ထုတ်လွှတ်မှု၊ လေတိုက်နှုန်းနည်းပါးမှုနဲ့ ပွဲတော်ကာလ မီးရှုးမီးပန်းတွေကြောင့် ပိုမိုဆိုးရွားနေပါတယ်။

ဒါအပြင် သဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်းမှုဆိုင်ရာ ဥပဒေတွေ အားနည်းမှုနဲ့အတူ စက်မှုကဏ္ဍ လျှင်မြန်စွာ တိုးတက်ထွန်းကားလာတာကလည်း အိနိ္ဒယရဲ့ လေထုညစ်ညမ်းမှုကို ပိုမိုဆိုးရွားစေတယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။

Ref:BBC
Photo:Getty Images

Related posts

Leave a Comment

VOM News

FREE
VIEW