ဗီယက်နမ်သမ္မတ ဗိုဗန်သောင် အကျင့်ပျက်ချစားမှုကြောင့် ရာထူးကနေ နှုတ်ထွက်

ဟနွိုင်း၊ မတ်-၂၁-၂၀၂၄
မျိုးဆက်(VOM)

ဗီယက်နမ်သမ္မတ ဗိုဗန်သောင်သည် ရာထူးသက်တမ်း တစ်နှစ်ထမ်းဆောင်ပြီးနောက် အကျင့်ပျက်ချစားမှုကြောင့် ရာထူးကနေ နှုတ်ထွက်သွားပါတယ်။

သမ္မတ ဗိုဗန်သောင်ဟာ သူ့ရဲ့ ဂုဏ်သိက္ခာ ထိခိုက်စေတဲ့လုပ်ရပ်တွေအပြင် ပါတီစည်းမျဉ်းတွေကိုလည်း ချိုးဖောက်ခဲ့ကြောင်း အာဏာရကွန်မြူနစ်ပါတီရဲ့ မတ် ၂၀ ရက်အစည်းအဝေးအပြီးမှာ တာဝန်ရှိသူတွေက ထုတ်ပြန်ပါတယ်။

သူဟာ မွေးရပ်မြေပြည်နယ်မှာ အကျင့်ပျက်ချစားမှု အရှုပ်တော်ပုံတွေကြောင့် ရာထူးကနေ နှုတ်ထွက်ခဲ့တယ်လို့ ယုံကြည်ရပါတယ်။ သူဟာ ယမန်နှစ်က အကျင့်ပျက်ချစားမှုကြောင့် ရာထူးမှနှုတ်ထွက်သွားတဲ့ သမ္မတနေရာမှာ အစားထိုးခန့်အပ်ခံရသူဖြစ်ပါတယ်။

တနှစ်ကျော်ကာလအတွင်း အကျင့်ပျက်ချစားမှုကြောင့် သမ္မတနှစ်ယောက် နှုတ်ထွက်ခဲ့မှုဟာ စီးပွားရေအလျှင်အမြန်ဖွံ့ဖြိုးတိုးတက်လာတဲ့ ဗီယက်နမ်မှာ အကျင့်ပျက်ချစားမှုတွေကို ကိုင်တွယ်ဖို့ ကွန်မြူနစ်ပါတီအနေနဲ့ ရုန်းကန်နေရတဲ့ အရိပ်လက္ခဏာလည်းဖြစ်ပါတယ်။

သမ္မတသည် ဗီယက်နမ်နိုင်ငံရေးရဲ့ ထိပ်တန်းတာဝန်ရှိသူလေးယောက်ထဲမှာ ပါဝင်ပေမယ့်လည်း ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူးဟာ သြဇာအာဏာအရှိဆုံးဖြစ်ကာ ကျန်နှစ်ဦးကတော့ ဝန်ကြီးချုပ်နဲ့ အမျိုးသာလွှတ်တော်ဥက္ကဌတို့ဖြစ်ပါတယ်။

Ref:BBC
Photo:AP

Related posts

Leave a Comment

VOM News

FREE
VIEW