မော်စကို၊ မတ်-၂၃-၂၀၂၄
မျိုးဆက်(VOM)
ရုရှားနိုင်ငံ မြို့တော်မော်စကိုဆင်ခြေဖုံးရှိ ကပွဲရုံမှာ ဖျော်ဖြေပွဲကျင်းပစဉ် သေနတ်သမားတွေ ဝင်ရောက်တိုက်ခိုက်မှုကြောင်ပ လူ ၆၀ ထက်မနည်း သေဆုံးသွားတယ်လို့ ရုရှာထောက်လှမ်းရေး ကပြောပါတယ်။
ခရိုကပ်စ်မြို့တော်ခန်းမမှာဖြစ်ပွားခဲ့တဲ့ အဲဒီတိုက်ခိုက်မှုအတွင်း လူ ၁၀၀ ကျော်ဒဏ်ရာရရှိခဲ့တယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။ ဒီတိုက်ခိုက်မှုကို ကြိုးကိုင်လုပ်ဆောင်ခဲ့ကြောင်း အိုင်အက်စ်အဖွဲ့က ထုတ်ပြန်ထားပါတယ်။
သေနတ်သံနဲ့ ပေါက်ကွဲသံတွေ ထွက်ပေါ်လာချိန်မှာ ဖျော်ဖြေပွဲကို လာရောက်သူတွေဟာ ထိတ်လန့်တကြား ထွက်ပြေးခဲ့ကြပြီး အဆောက်အအုံခေါင်းမိုးထပ်မှ မီးလောင်ခဲ့ပြီး သေနတ်သမားတွေကို ရုရှားလုံခြုံရေးတပ်ဖွဲ့တွေက ရှာဖွေနေပါတယ်။
ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်တဲ့ အခြေအနေတွေကို ပိုမိုသိရှိအောင်လုပ်ဆောင်နေတယ်လို့ အမေရိကန် အိမ်ဖြူတော်က ထုတ်ပြန်ထားပြီး ဒီဖြစ်စဉ်မှာ ဘယ်လိုပတ်သက်မှုမျိုးမှမရှိကြောင်း ယူကရိန်းကလည်း ငြင်းဆိုထားပါတယ်။
ပစ်ခတ်မှုအတွင်း လူသုံးယောက်ပါဝင်ပြီး ဖောက်ခွဲရေးပစ္စည်းတွေကို ဖောက်ခွဲခဲ့ကြောင်း သတင်းတွေထွက်ပေါ်နေပါတယ်။ လက်ရှိမှာတော့ လောင်ကျွမ်းနေတဲ့မီးကို လူ ၃၂၀ ကျော်ဖြန့်ကြက်ငြှိမ်းသတ်နေပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။
Ref:BBC
Photo: Getty Images/ Reuters