ဝါရှင်တန်၊ မေ-၈-၂၀၂၄
မျိုးဆက်(VOM)
TikTok ရှယ်ယာတွေကို ရောင်းချခြင်းမပြုပါက အမေရိကန်မှာ ပိတ်ပင်မယ့် ဥပဒေကို ပြီးခဲ့တဲ့ လက ပြဌာန်းလိုက်တာကြောင့် အမေရိကန်အစိုးရကို TikTok ကိုတရားစွဲဆိုလိုက်ပါတယ်။
တရုတ်အခြေစိုက် ဘိုက်ဒန့်ကုမ္ပဏီက ထိန်းချုပ်ထားတဲ့ TikTok ဟာ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်မှုတရပ်ဖြစ်ပြီး တရုတ်အစိုးရထံ အချက်အလက်တွေ လွှဲပြောင်းနိုင်ကြောင်း အမေရိကန်အစိုးရတာဝန်ရှိသူတွေနဲ့ လွှတ်တော်အမတ်တွေကဆိုပါတယ်။
အမေရိကန်အစိုးရရဲ့ လုပ်ရပ်ဟ အမေရိကန်ရှိ TikTok အသုံးပြုသူသန်း ၁၇၀ ရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ချိုးဖောက်ခြင်းဖြစ်ကြောင်း TikTok ရဲ့တိုင်ကြားချက်မှာ ဖော်ပြထားပါတယ်။
TikTok အနေနဲ့ တရုတ်အစိုးရနဲ့ အမှီအခိုကင်းပြီး မိခင်ကုမ္ပဏီဖြစ်တဲ့ ဘိုက်ဒန့်ဟာ ရဲ့လုပ်ငန်းကို ရောင်းချဖို့ အစီအစဉ်မရှိကြောင်း ပြောဆိုထားပါတယ်။
အမေရိကန်အစိုးရ ပြဌာန်းလိုက်တဲ့ ဥပဒေအရ ရှယ်ယာတွေမရောင်းချဘူးဆိုရင် ဘိုက်ဒန့်ကုမ္ပဏီအနေနဲ့ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှစပြီး အမေရိကန်မှာ TikTok ကို ပိတ်ပင်သွားမှာဖြစ်ပါတယ်။ TikTok ကတော့ အမေရိကန်သုံးစွဲသူတွေရဲ့ အချက်အလက်တွေကို အကာအကွယ်ပေးမှုတွေဖန်တီးခဲ့ပြီး စိုးရိမ်မှုတွေကို ဖြေရှင်းဖို့ ဒေါ်လာ နှစ်ဘီလီယံ အသုံးပြုခဲ့ကြောင်း ပြောဆိုထားပါတယ်။
Ref: BBC
Photo:Getty Images
Related posts
-
စစ်အုပ်ချုပ်ရေး ကြေညာခဲ့တဲ့ တောင်ကိုရီးယားသမ္မတကို ပုန်ကန်မှုနဲ့ တရားဝင် စွဲချက်တင်
ဆိုးလ်၊ ဇန်နဝါရီ-၂၇-၂၀၂၅ မျိုးဆက်(VOM) စစ်အုပ်ချုပ်ရေးကြေညာခဲ့တဲ့ တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ခ်ယိုးလ်ကို ပုန်ကန်မှုနဲ့တရားစွဲဝင် စွဲချက်တင်လိုက်ကြောင်း တာဝန်ရှိသူတွေက... -
ကလောမှာ ညဈေး ဆိုင်ခန်းတခန်းကို တရက် ၁၀၀၀ ကျပ်နဲ့ ငှားပေးမယ်
ZY(VOM) ဇန်နဝါရီ ၂၇၊ ၂၀၂၅ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့မှာ လာမယ့်ဖေဖော်ဝါရီလအတွင်း ညဈေးဖွင့်လှစ်ရောင်းချခွင့်ပြု သွားမှာဖြစ်သလို... -
ပို့ကုန် သွင်းကုန်တွေအပေါ် အခွန်ကောက်ခံတဲ့ငွေလဲနူန်းကို ယခင်အတိုင်းတဒေါ်လာ ၂၁၀၀နဲ့ တွက်ချက်ကောက်ခံပြန်
ဇန်နဝါရီ ၂၇ – ၂၀၂၅ GG (VOM) ပို့ကုန် သွင်းကုန်ပစ္စည်းတွေအပေါ် အခွန်ကောက်ခံတဲ့နူန်းကို...