မကွေးတိုင်း မြို့နယ်လေးခုမှာ Mask တပ်တာနဲ့ လွယ်အိတ် စလွယ်သိုင်း သွားလာရင် အရေးယူခံရတော့မယ်

မေ ၁၁ – ၂၀၂၄
GG (VOM)
မကွေးတိုင်းထဲက မကွေး မြို့အပါအဝင် မြို့နယ် လေးခုမှာ အပြင်ထွက်ပါက Mask တပ်ဆင်ခြင်းနဲ့ လွယ်အိတ်စလွယ်သိုင်း သွားလာခြင်းကို တားမြစ်လိုက်ကြောင်း သက်ဆိုင်ရာမြို့နယ်ထွေအုပ်ရုံးတွေက သတိပေးလိုက်ပါတယ်။
အဆိုပါမြို့တွေက မကွေး၊ပခုက္ကူ၊တောင်တွင်းကြီးမြို့နဲ့အောင်လံမြို့နယ်တွေဖြစ်ပြီး ခုလိုတားမြစ်တာဟာ အများပြည်သူလုံခြုံရေးနဲ့ရပ်ရွာအေးချမ်းသာယာရေးအတွက်ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာရေးသားထားပါတယ်။
” မကွေးမှာ မနေ့ကစထုတ်တာ၊ Mask ်တပ်ပြီးသွားလာခြင်းမလုပ် ဖို့၊လွယ်အိတ်သိုင်းပြီးမလွယ်ဖို့ပေါ့။မနေ့ကမှ စာထုတ်တာဆိုတော့လူတိုင်းမသိကြသေးဘူး။တယောက်နဲ့တယောက်လက်ဆင့်ကမ်းပြောဖို့လိုတယ်၊မဟုတ်ရင်မသိဘဲမက်ခ်တပ်ပြီးသွားမိရင် ဘာဖြစ်မလဲမပြောနိုင်ဘူး ” လို့ မကွေးမြို့ခံတယောက်ကပြောပါတယ်။
မကွေးတိုင်းထဲမှာ ရဟန်းသံဃာ၊ နိုင်ငံ့ဝန်ထမ်း၊အပြစ်မဲ့ ပြည်သူ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးတာဝန် ထမ်းဆောင်သူတွေ မကြာခဏ အကြမ်းဖက်သတ်ဖြတ်ခံရမှုဖြစ်ပေါ် နေပြီး ကျူးလွန်သူတွေဟာ Mask တပ်ဆင်ထားခြင်း၊ လက်နက်၊ ခဲယမ်း ထည့်ဝင်တဲ့ အိတ် စလွယ်သိုင်း သွားလာခဲ့ကြတယ်လို့ ထုတ်ပြန်စာမှာပါရှိပါတယ်။
ဒါကြောင့် အများပြည်သူ လုံခြုံရေးနဲ့ရပ်ရွာအေးချမ်းသာယာရေးအတွက် သတ်မှတ်မြို့နယ်လေးခုအတွင်း Mask မယတပ်ဆင်ခြင်း၊ လက်နက်၊ ခဲယမ်း ထည့်ဝင်တဲ့ အိတ်စလွယ်သိုင်းသွားလာခြင်း မလုပ်ဖို့သတိပေး တားမြစ်တာဖြစ်တယ်လို့ဆိုပါတယ်။
အကယ်လို့ သတိပေးတားမြစ်ချက်ကို မလိုက်ခဲ့ရင် တည်ဆဲဥပဒေအရ အရေးယူမှာဖြစ်ကြောင်း အသိပေးထားပါတယ်။ ပခုက္ကူ၊ အောင်လံမြို့နယ်တွေမှာတော့ ခုမေလထဲမှာပင် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်တွေသတ်ဖြတ်ခံနေရသလို ပစ်ခတ်မှုဖြစ်စဉ်တွေလည်းရှိထားပါတယ်။
Photo:CJ

Related posts

Leave a Comment

VOM News

FREE
VIEW