ကိယက်ဗ်၊ မေ-၁၂-၂၀၂၄
မျိုးဆက်(VOM)
ယူကရိန်းအရှေ့မြောက်ပိုင်းနယ်စပ်ကို ရုရှားရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကြောင့် ခါကိဗ်ဒေသက ဒေသခံ ၁၈၀၀ ဘေးလွတ်ရာ ထွက်ပြေးခဲ့ရတယ်လို့ ယူကရိန်းတာဝန်ရှိသူတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ သောကြာနေ့ကတည်းက ရုရှားရဲ့ အံ့အားသင့်ဖွယ် ကျူးကျော်တိုက်ခိုက်မှုတွေကြောင့် နယ်စပ်ဒေသမှာ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။ယူကရိန်းရဲ့ ဒုတိယအကြီးဆုံး ခါကိဗ်မြို့ကို သိမ်းပိုက်ဖို့ ကြိုးပမ်းမှုအပါအဝင် ရုရှားဟာ သူ့ရဲ့ထိုးစစ်ကို နွေရာသီမှာ အရှိန်မြှင့်ဖွယ်ရှိနေပါတယ်
ယူကရိန်းတပ်တွေကတော့ ရုရှားရဲ့ ဘယ်လိုထိုးစစ်ကိုမဆို တွန်းလှန်နိုင်တယ်လို့ အခိုင်အမာဆိုပါတယ်။ ရုရှားရဲ့ လက်ရှိထိုးစစ်အတွင်း ဗော့ချန့်ခ်မြို့အနီးရှိ ကျေးရွာငါးရွာကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ရုရှားဘက်က ပြောပါတယ်။
ရုရှားရဲ့ ဒီတိုက်ခိုက်မှုဟာ သွေးတိုးစမ်းတဲ့သဘော တိုက်ခိုက်ခြင်း သို့မဟုတ် ပိုမိုကြီးမားတဲ့ ထိုးစစ်စတင်ခြားလား အပါအဝင် ရုရှားတပ်တွေ ဘယ်လောက်ထိ ထိုးစစ်ဆင်လာမယ်ဆိုတာကို ရှင်းလင်းစွာ မသိရပါဘူး။
ယူကရိန်းသမ္မတ ဇီးလန်စကီးရဲ့ မနေ့ညက ပြောတဲ့ညစဉ်မိန့်ခွန်းမှာတော့ နယ်စပ်ရှိကျေးရွာ ခုနှစ်ရွာမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး ခံစစ်အတွက် ကြိုတင်ပြင်ဆင်နေကာ ဒွန်နက်စ်ဒေသအခြေအနေဟာ အထူးတင်းမာနေဆဲဖြစ်တယ်လို့ ပြောဆိုထားပါတယ်။
Ref:BBC
Photo:Getty Images
ယူကရိန်းအရှေ့မြောက်နယ်စပ်ကို ရုရှားရဲ့တိုက်ခိုက်မှု ဒေသခံတွေ ဘေးလွတ်ရာ ထွက်ပြေး
