မေ ၁၄ – ၂၀၂၄
GG (VOM)
လာမယ့်တပတ် မေ ၂၀ ရက်ကနေ မေ၂၇ ရက်အတွင်း မုန်တိုင်းငယ်ဖြစ်ပေါ်ပြီး မြန်မာနိုင်ငံက ရန်ကုန်အပါအဝင်တိုင်းနဲ့ပြည်နယ်အချို့မှာ မိုးကြီးပြီး လေပြင်းတိုက်နိုင်တယ်လို့ မိုးလေဝသအချက်အလက်တွေခန့်မှန်းပေးနေတဲ့ စုစုစံနဲ့ လေကြောင်းမိုးလေဝသပညာရှင်အချို့က ခန့်မှန်းပြောဆိုထား ပါတယ်။
မေလ ၁၉ရက်နေ့မှ ၂၅ရက်နေ့အတွင်းမှာ
Deep Depression မုန်တိုင်းငယ် ဒါမှမဟုတ် Cat 2 Cat 3 အဆင့်ရှိမုန်တိုင်းတစ်လုံးဖြစ်ပေါ်လာနိုင်ပြီး ရန်ကုန်တိုင်း ၊ဧရာဝတီတိုင်းနဲ့ဘ ရခိုင်ပြည်နယ်ဒေသတွေကိုခြိမ်းခြောက်နိုင်ကြောင်း မိုးလေဝသပညာရှင် စုစုစံကပြောဆိုပါတယ်။
အလားတူ လေကြောင်းမိုးလေဝသဌာနမှူ းဦးဝေဖြိုးဟန်ကလည်း မိတ္ထီလာလေကြောင်းမိုးလေဝသရုံးရဲ့ တိုင်းထွာချက်အရ လာမယ့် မေလ ၁၉ ရက်မှ၂၀ အတွင်းဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းမှာ လေထုမငြိမ်သက်မှုဖြစ်ပေါ်ရာမှတဆင့် မေလ ၂၀မှ၂၁ ရက်မှာ လေဖိအားနည်းရပ်ဝန်းအဖြစ် ရောက်ရှိကာ ဆက်လက်အားကောင်းပြီး မုန်တိုင်းငယ် Depression အဆင့်ရောက်ရှိလာနိုင်တယ်လို့ပြောဆိုထားတာဖြစ်ပါတယ်။
မိုးကြီးနိုင်တဲ့ဒေသတွေက မြန်မာနိုင်ငံတောင်ပိုင်းဒေသဖြစ်တဲ့ တနင်္သာရီတိုင်းဒေသကြီး၊
မွန်ပြည်နယ်၊ကရင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ရခိုင်ပြည်နယ်၊
ပဲခူးတိုင်းဒေသကြီးနဲ့ချင်းပြည်နယ်တို့ဖြစ်တယ်လို့သိရပါတယ်။
မုန်တိုင်းဖြစ်ပေါ်နိုင်မယ့်အခြေအနေနဲ့ပတ်သက်ပြီး မိုးလေဝသနှင့်ဇလဗေဒညွှန့်ကြားမှုဦးစီးဌာ ညွှန်ကြားရေးမှူး ဦးလှထွန်းကတော့ မေလက မိုးကြိုကာလဖြစ်လို့ မုန်တိုင်ဖြစ်နိုင်ချေများပြီး မုတ်သုံလည်းဝင်မှာဖြစ်လို့ မိုးသည်းထန်စွာရွာသွန်းနိုင်တယ်လို့ ခန့်မှန်းပြောပါတယ်။
“ခုကမိုးကြိုကာလ မေလမှာ မုန်တိုင်းဖြစ်နိုင်ချေများတော့ဒါကိုစောင့်ကြည့်ဖို့လိုတာပေါ့၊မုန်တိုင်းဖြစ်ဖို့အလားအလာတော့ရှိတယ် ဘယ်လောက်ထိအားကောင်းမလဲဘယ်ကိုဦးတည်မလဲဆိုတာကတော့ခုကလေဖိအားနည်းရပ်ဝန်းတောင်မဖြစ်သေးတော့ ပြောလို့မရသေးတာပေါ့။ဒီ၂၀ ကျော်လောက်မှာတော့ မြန်မာပြည်တောင်ပိုင်းကို မုတ်သုံကတော့ဝင်ဖို့ရှိတယ်။မုတ်သုံမိုးလားမုန်တိုင်းမိုးလားစောင့်ကြည့်ရမှာပေါ့။မုတ်သုံအဝင်ဆိုတော့နည်းနည်းကြမ်းတာပေါ့၊မုန်တိုင်းမိုးဆိုရင်မိုးများများရမယ်၊မုတ်သုံလည်း ဒီရက်တွေမှာ မုန်တိုင်းမဖြစ်လည်းမုတ်သုံကကြမ်းနိုင်တော့မုတ်သုံမိုးလည်းရနိုင်တာပေါ့၊ပူနေတော့ အစွန်းရောက်ဖြစ်စဥ်တွေဖြစ်တတ်တယ် မိုးသည်းထန်စွာရွာနိုင်တယ်အပူဒဏ်ကြောင့်မိုးများနိုင်တာပေါ့ ” လို့ ဦးလှထွန်းကပြောပါတယ်။
မုန်တိုင်းအခြေအနေကိုအတိကျမသိရသေးပေမယ့် မုတ်သုံကတော့ မြန်မာနိုင်ငံတောင်ပိုင်းကို မေလ ၂၀ ရက်နောက်ပိုင်းကစပြီး၂၆ ရက် နေ့အတွင်းမှာ မုတ်သုံဝင်ရောက်နိုင်ပြီး မိုးရွာသွန်းနိုင်တယ်လို့ဆိုပါတယ်။
မုတ်သုံအဝင်မိုးဖြစ်တဲ့အပြင် အပူချိန်မြင့်တက်နေစဥ်ရွာသွန်းမယ့်မိုးဖြစ်လို့ မိုးသည်းထန်စွာရွာခြင်း၊ လေပြင်းတိုက်ခြင်း၊လျှပ်စီးလက်ခြင်း၊မိုးကြိုးပစ်ခြင်း၊မိုးသီးကြွေခြင်း ဖြစ်စဥ်တွေ ဖြစ်ပေါ်နိုင်တယ်လို့ သတိပေးထားပါတယ်။
မြန်မာတနိုင်ငံလုံးကိုမုတ်သုံဝင်ရောက်မှုအနေနဲ့ကတော့ ဇွန်လ ပထမပတ် ၁၀ ရက်အတွင်းမှာသာဝင်ရောက်နိုင်ဖွယ်ရှိကြောင်းလည်း ခန့်မှန်းထားပါတယ်။
Related posts
-
မကွေးမြို့မှာ ဆရာဝန်မကြီးတယောက် ဆေးခန်းအတွင်း ဓားထိုးခံရပြီး သေဆုံး
နိုဝင်ဘာ ၂၂ – ၂၀၂၄SS (VOM)မကွေးတိုင်း၊ မကွေးမြို့မှာ မနေ့ နိုဝင်ဘာ ၂၁... -
မြေမြုပ်မိုင်းကြောင့် သေဆုံးမှုနှုန်း အမြင့်ဆုံးနိုင်ငံတွေထဲ မြန်မာ နံပါတ် ၁ ချိတ်
Ms(VOM) နိုဝင်ဘာ၂၂၊၂၀၂၄ ၂၀၂၃ခုနှစ်အတွင်း မြန်မာနိုင်ငံဟာ တကမ္ဘာလုံးမှာ မြေမြုပ်မိုင်းကြောင့်သေဆုံးရမှုက ထိပ်ဆုံးအဆင့်ထိရောက်ရှိလာတဲ့ အခြေအနေမျိုးဖြစ်နေတယ်လို့ မြေမြှုပ်မိုင်းများ... -
တရုတ် – မြန်မာ နယ်စပ်ဂိတ် တချို့ ဘိန်းအစားထိုး စိုက်ပျိုးရေး ထွက်ကုန် တင်ပို့ နိုင်ဖို့ ပြန်ဖွင့်
နိုဝင်ဘာ ၂၀၊ ၂၀၂၄ Shy V VOM တရုတ် – မြန်မာ...