စလိုဗက်ကီးယားဝန်ကြီးချုပ် သေနတ်နဲ့ပစ်ခတ်လုပ်ကြံခံရလို့ အရေးပေါ်ကုသနေရ

ဘရာတစ်လာဗာ၊ မေ-၁၆-၂၀၂၄
မျိုးဆက်(VOM)
ဆလိုဗက်ကီးယားဝန်ကြီးချုပ် ရောဘတ်ဖီကိုဟာ မြို့တော် ဘရာတစ်လာဗာရဲ့ အရှေ့မြောက်ဘက်ရှိ မြို့ငယ်တခုမှာ သေနတ်ပစ်ခံရပြီးနောက် ဆေးရုံတင်ထားရပြီး အရေးပေါ်ကုသနေရပါတယ်။
ဝန်ကြီးချုပ်ဟာ အစိုးရအစည်းအဝေးကျင်းပမယ့် ယဉ်ကျေးမှုစင်တာရှေ့မှာ လူတွေကို လက်ပြနှုတ်ဆက်နေစဉ်မှာ ဒေသစံတော်ချိန် မေ ၁၅ ရက် နေ့လယ် ၂ နာရီ မိနစ် ၃၀ ဝန်းကျင်က လုပ်ကြံပစ်ခတ်ခံခဲ့ရတာဖြစ်ပါတယ်။
ဒဏ်ရာရရှိခဲ့တဲ့ ဝန်ကြီးချုပ်ကို အခင်းဖြစ်ရာ ဟန်းလိုဗာအရှေ့ဘက်က အခြားဆေးရုံကို ရဟတ်ယာဉ်နဲ့ မပို့မီ အနီးနားက ဆေးရုံတရုံမှ ဦးစွာကုသမှုပေးခဲ့ရတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ဝန်ကြီးချုပ်ဟာ အစာအိမ်ကို သေနတ်မှန်ခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။
ဝန်ကြီးချုပ်ဟာ ဆေးရုံမှာ ခွဲစိတ်ကုသမှုခံယူနေခဲ့ရတာ သုံးနာရီကျော်ကြာမြင့်နေပြီး အခြေအနေ စိုးရိမ်ရကြောင်း ဆလိုဗက်ကီးယားဝန်ကြီးချုပ် ရောဘတ်ကာလီနက်စ်က ပြောပါတယ်။ ဒါဟာ ဒီမိုကရေစီကို တို်ကခိုက်ခြင်းဖြစ်တယ်လို့ နိုင်ငံရေးအသိုင်းအဝိုင်းက ရှုံ့ချပြောဆိုပါတယ်။
အခင်းဖြစ်ရာနေရာမှာ လူတယောက်ကို ဖမ်းဆီးထိန်းသိမ်းခဲ့ပေမယ့် ရဲတပ်ဖွဲ့က တရားဝင်ထုတ်ပြန်တာမရှိပါဘူး။ အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရတော့ သံသယရှိသူဟာ အသက် ၇၀ အရွယ် စာရေးဆရာနဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူလို့ ဆိုကြပါတယ်။
Ref:BBC
Photo:Reuters

Related posts

Leave a Comment

VOM News

FREE
VIEW