ကဘူး၊ မေ-၁၉-၂၀၂၄
မျိုးဆက်(VOM)
အာဖဂန်နစ္စတန် အလယ်ပိုင်းမှာ မိုးသည်းထန်စွာရွာသွန်းပြီး ရုတ်တရက်ရေကြီးရေလျှံမှုတွေကြောင့် လူ ၅၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ရေမကြီးခင်း မိနစ်ပိုင်းအလိုမှာ ဒေသခံတွေဟာ ရေဘေးလွတ်ရာ ကုန်းမြင့်တွေကို ထွက်ပြေးရှောင်တိမ်းခဲ့ရပြီး လူအများအပြား ပျောက်ဆုံးနေကြောင်း Ghor ပြည်နယ် တာဝန်ရှိသူတွေက ပြောပါတယ်။
ရေကြီးရေလျှံမှုကြောင့် ကျွဲနွားနဲ့ အိမ်မွေးတိရိစာ္ဆန် ထောင်ပေါင်းများစွာ သေဆုံးခဲ့ပြီး အိမ်ခြေ နှစ်ထောင်ကျော် ပျက်ဆီးခဲ့တယ်လို့ ဒေသန္တရ တာဝန်ရှိသူတွေက ဆိုပါတယ်။ ပြည်နယ်သဘာ၀ ဘေးအန္တရာယဌာနက အရေးပေါ်အခြေအနေကြေညာထားပြီး ရေဘေးသင့်သူတွေအတွက် အမိုးအကာ၊ အစားအစာနဲ့ ရေတို့ကို တောင်းဆိုထားပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်အတွင်းကလည်း မိုးရွာသွန်းမှုတွေကြောင့် အာဖဂန်မြောက်ပိုင်းရှိ ကျေးရွာအများအပြား ပျက်စီးခဲ့ပြီး လွန်ခဲ့တဲ့ သီတင်းပတ်အတွင်းက ရေကြီးရေလျှံမှုကြောင့် လူ ၃၀၀ ကျော်သေဆုံးခဲ့ရတယ်လို့ ကုလသမဂ္ဂနဲ့ တာလီဘန်တို့ ထုတ်ပြန်ထားပါတယ်။
အာဖဂန်နစ္စတန်မှာ မိုးသည်းထန်စွာရွာသွန်းမှုတွေကြောင့် နိုင်ငံမြောက်ပိုင်းနဲ့ အလယ်ပိုင်းတွေမှာ နေရာအနှံ့ရေကြီးရေလျှံတွေဖြစ်ပွားနေပါတယ်။ ကယ်ဆယ်ရေးလုပ်ငန်းတွေ နှောင့်နှေးမှုကြောင့် သေဆုံးအရေအတွက် တိုးလာမှာကို တာဝန်ရှိသူတွေက စိုးရိမ်နေကြပါတယ်။
Ref:BBC
Photo:Getty Images
အာဖဂန်နစ္စတန်မှာ ရုတ်တရက်ရေကြီးမှု လူ ၅၀ ကျော်သေဆုံး၊ အများအပြား ပျောက်ဆုံးနေ
