တီဟီရန်၊ မေ-၂၁-၂၀၂၄
မျိုးဆက်(VOM)
အီရန်သမ္မတ အီဘရာဟင်ရိုင်ဆီ ရဟတ်ယာဉ်ပျက်ကျ သေဆုံးသွားပြီးနောက်မှာ ဒုတိယသမ္မတဖြစ်သူ မိုဟာမက်မိုဟာဘာက သမ္မတရွေးကောက်ပွဲ မပြီးမချင်း ယာယီသမ္မတအဖြစ် တာဝန်ယူမယ်လို့ အီရန်ဘာသာရေးခေါင်းဆောင် ခါမေနီက ပြောပါတယ်။
သမ္မတရိုင်ဆီ၊ နိုင်ငံခြားရေးဝန်ကြီးနဲ့ အခြား ခုနှစ်ယောက်တို့ကို တင်ဆောင်လာတဲ့ ရဟတ်ယာဉ်ဟာ အီရန်အနောက်မြောက်ပိုင်း အရှေ့အဇာဘိုင်ဂျန်ပြည်နယ်မှာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ပျက်ကျခဲ့ပါတယ်။
ရဟတ်ယာဉ်အပျက်အစီးတွေကို ရှာဖွေတွေ့ရှိခဲ့ပြီး လိုက်ပါသူူအားလုံး သေဆုံးခဲ့တာဖြစ်ပါတယ်။ ဆိုးရွားတဲ့ ရာသီဥတုကြောင့် ရဟတ်ယာဉ်ပျက်ကျခဲ့တာလို့ အီရန်မီဒီယာတွေက ပြောပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး အီရန်ဘာသာရေးခေါင်းဆောင် ခါမေနီက ငါးရက်ကြာ နိုင်ငံတော်ဝမ်းနည်းကြေကွဲကြောင်း ကြေညာခဲ့ပြီး ရက်ပေါင်း ၅၀ အတွင်း သမ္မတရွေးကောက်ပွဲ ကျင်းပမယ်လို့ ဆိုပါတယ်။
ရဟတ်ယာဉ်ပျက်ကျခဲ့တဲ့နေရာအနီးရှိ မြို့တမြို့ ဒီနေ့ဈာပနအခမ်းအနား ကျင်းပနေပြီး ပြည်သူသောင်းပေါင်းများစွာ တက်ရောက်နေပါတယ်။ သေဆုံးသွားတဲ့ သမ္မတရိုင်ဆီဟာ သဘောထားတင်းမာတဲ့ ရှေးရိုးစွဲဝါဒီအဖြစ် လူသိများပါတယ်။
သူဟာ ၂၀၂၁ ခုနှစ်မှာ အာဏာရပြီးနောက် အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲတွေကို နှိမ်းနှင်းခဲ့ပြီး ဟားမတ်စ်နဲ့ အစ္စရေးဆန့်ကျင်ရေးအဖွဲ့တွေကို ထောက်ပံ့ခဲ့ပြီး ယူကရိန်းစစ်ပွဲဖြစ်ပွားချိန်မှာ ရုရှားနဲ့ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းခဲ့ပါတယ်။
Ref: NHK
Photo:Getty Images
အီရန် ဒုသမ္မတကို ယာယီသမ္မတခန့်အပ်၊ သမ္မတရွေးကောက်ပွဲကို ရက်ပေါင်း ၅၀ အတွင်း ကျင်းပမယ်
