မန္တလေးမှာ သံဃာ အပါးတသောင်းကျော်ကို ဆွမ်းလောင်းလှူပွဲကျင်းပ

မန္တလေး၊ မေ- ၂၂- ၂၀၂၄
SA(VOM)
မန္တလေးမြို့ လေးပြင် လေးရပ်မှာ သီတင်းသုံးတဲ့ သံဃာတော် အပါးတသောင်းကျော်ကို မေလ ၂၂ ရက် ကဆုန်လပြည့်နေ့ မနက် ၆ နာရီအချိန် ကျုံးပတ်လည်မှာ ပြည်သူလူထုနဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေ ပူးပေါင်းပြီး ဆွမ်းလောင်းလှူတာဖြစ်တယ်လို့ တိုင်းအစိုးရအဖွဲ့ကနေ သိရပါတယ်။
ကျုံးပတ်လည် ၆၆ လမ်း အရှေ့ပြင်မှာ သံဃာ ၂၅၆၈ ပါး၊ ၂၆ လမ်း တောင်ပြင်မှာ သံဃာ ၂၅၆၈ ပါး၊ လမ်း ၈၀ အနောက်ပြင်မှာ သံဃာ ၂၅၆၈ ပါး၊ မြောက်ပြင် ၁၂ လမ်းမှာ သံဃာ ၂၅၆၈ ပါး စုစုပေါင်း သံဃာ ၁၀၂၇၂ ပါးတို့ကို လောင်းလှူနေတာဖြစ်တယ်လို့ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီကနေ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်က သာသနာတော်နှစ် ၂၅၆၇ ဖြစ်တဲ့အတွက် ကျုံးမြို့ရိုး တဖက်တချက်မှာ သံဃာ ၂၅၆၇ ပါး စုစုပေါင်း ၁၀၂၆၈ ပါး ကို ဆွမ်းလောင်းလှူခဲ့ပြီး အခုနှစ် ၂၀၂၄ ခုနှစ်မှာ သာသနာတော်နှစ် ၂၅၆၈ ခုနှစ်ဖြစ်တာကြောင့် ကျုံးမြို့ရိုးတဖက်မှာ သံဃာ ၂၅၆၈ ပါး စုစုပေါင်း ၁၀၂၇၂ ပါး ကို ကဆုန်လပြည့်နေ့မှာ ဆွမ်းလောင်းလှူပွဲ ကျင်းပတာဖြစ်တယ်လို့ သိရပါတယ်။
ဆွမ်းလောင်းလှူပွဲကို ၂၀၂၂ ခုနှစ် ကဆုန်လပြည့်နေ့ မန္တလေးမြို့ လေးပြင်လေးရပ်ရှိ သံဃာ ၁၀၂၆၄ ပါးကို စတင်ကာ ပင့်ဖိတ်ပြီးလှူဒါန်းခဲ့တာဖြစ်ပြီး ဒီနှစ် ၂၀၂၄ ခုနှစ်မှာ သုံးကြိမ်မြောက်လှူဒါန်း ပူေဇာ်တာဖြစ်တယ်လို့သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW