ရေစကြိုနယ် ခုနှစ်ပင်ကျေးရွာမှာ နစကတပ် နဲ့ PDF တိုက်ပွဲဖြစ်လို့ ထိခိုက်သေဆုံးသူတွေ

 

ဇွန် ၊ ၁၀ ၊ ၂၀၂၄
SP (VOM)

မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ ရေစကြိုမြို့နယ် ၊မအူအလယ်အုပ်စု ခုနှစ်ပင်ကျေးရွာနားမှာ မနေ့ ဇွန် ၉ ရက် ၊ မနက်ပိုင်းက နစက လုံခြုံရေးတပ်တွေနဲ့ ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့တွေကြား ထိတွေ့တိုက်ပွဲဖြစ်ပြီး ထိခိုက်သေဆုံးသူတွေ ၄ ေယာက်ထက်မနည်း ရှိတယ်လို့ ဒေသခံတွေဆီက သိရပါရတယ်။

” ရေစကြိုမြို့ရဲ့ မြောက်ဘက် ၊ ခုနှပင်ကျေးရွာနားမှာ တိုက်ပွဲဖြစ်တယ် ၊ ထွက်ပြေးတိမ်းရှောင်ရသူ ဒေသခံ နှစ်ရာကျော်လောက်ရှိမယ် ၊ ထိခိုက်သေဆုံးသူတွေလည်း ရှိတယ် ” လို့ပြောပါတယ်။

အဲ့ဒီဖြစ်စဥ်နဲ့ ပတ်သက်ပြီး ပခုက္ကူခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က
” ခုနှစ်ပင်ရွာနားမှာ PDF ၃၀ ကျော်နဲ့ ထိတွေ့တိုက်ပွဲ ဖြစ်တယ် ၊ အမျိုးသား ရုပ်အလောင်း ၄ 9လောင်း ၊ M-22 သေနတ် ၃ လက် ၊ MA-1 သေနတ် ၁ လက်ကျည်အိမ် ၃ ခု ၊ ကျည် အတောင့်တရာနဲ့ တိုက်မိုင်း ၁ လုံး သိမ်းဆည်းရမိတယ် ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ မေ ၁၄ ရက် ညနေပိုင်းကလည်း ရေစကြိုမြို့နယ် ၊ မြေဖြူရွာ လူသတ်မှုဖြစ်ပွားတဲ့အချိန်နဲ့ တပြိုင်တည်းမှာ ဂွေးချို ပြည်သူ့စစ် စခန်း ၊ ဆင်မရဲ ပြည့်စစ် စခန်း ၊ ဆင်ချောင်း ပြည်သူ့စစ် စခန်းနဲ့ ဟင်္သါ ပြည်သူ့စစ် စခန်းတို့ကို ဒရုန်းဗုံးတွေနဲ့ တိုက်ခိုက်ခံရတယ်လို့ သိရပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ မေ ၁၄ ရက် ညနေပိုင်းက ရေစကြိုမြို့နယ် ၊ မြေဖြူကျေးရွာနားမှာ ကိုကျော်ဆန်းလွင် အပါအဝင် လူ လေးယောက် အသတ်ခံရပါသေးတယ်။

နစက အဖွဲ့ပေါ်ပေါက်ပြီး နောက်ပိုင်း ရေစကြိုမြို့နယ်မှာ သတ်ဖြတ်ခံရတဲ့လူပေါင်း သုံးရာကျော်ရှိပြီး ၊ သေဆုံးသူတွေဟာ ဌာနဆိုင်ရာဝန်ထမ်းတွေ ၊ ရပ် / ကျေးအဖွဲ့ဝင်တွေ ၊ ပြည်သူ့စစ်တွေ ၊ ရဟန်းသံဃာတွေပါဝင်တယ်လို့ သိရပါတယ်။

အဲ့ဒီလို လူသေဆုံးမှုတွေ များပြားလာပေမယ့် နစက ဘက်က ရေစကြိုမြို့နယ်ကို Martial Law အမိန့်ထုတ်ပြန်ထားတာ မရှိဘူးလို့ သိရပါတယ်။

 

Related posts

Leave a Comment

VOM News

FREE
VIEW