ောင်တရုတ်ပင်လယ်မှာ ဗီယက်နမ်က ကင်းစခန်းတွေ တိုးချဲ့မှု တရုတ်နဲ့ တင်းမာမှုတွေ မြင့်တက်လာနိုင်

 

ဝါရှင်တန်၊ ဇွန်-၁၀
မျိုးဆက်(VOM)

ဗီယက်နမ်နိုင်ငံဟာ တောင်တရုတ်ပင်လယ်ပြင်မှာ သူ့ရဲ့ကင်းစခန်းတွေကို အလျင်အမြန်တိုးချဲ့နေတယ်လို အမေရိကန် သုတေသနအဖွဲတဖွဲက ထုတ်ပြန်ပါတယ်။

ဒီနယ်မြေဟာည တရုတ်နိုင်ငံနံ့ အခြားနိုင်ငံများအကြား ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ နေရာဖြစ်ပြီး ဗီယက်နမ်ရဲ့ လှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးစင်တာက ရရှိထားတဲ့ ဂြိုဟ်တု ပုံရိပ်များကို ခွဲခြိမ်းစိတ်ဖြာ လေ့လာခဲ့တာပါ။

ဗီယက်နမ်ဟာ မေလထိ မြောက်လတာကာလအတွင်း စပရက်တလေကျွန်းစုမှာ ကင်းစခန်း ၁၀ ခုထိ တိုးချဲ့ခဲ့တယ်လို သုတေသနအဖွဲက ဆိုထားပြီး ကုန်းမြေနေရာ ၂ ဒသမ ၈ စတုရန်းမိုင်ကိုလည်း ဖန်တီးခဲ့လို ဆိုပါတယ်။

ရဟတ်ယာဉ်ဆင်းသက်ဖိုနဲ့ ဆိပ်ကမ်းတွေလိုမျိုး အခြေခံအဆောက်အအုံတွေလည်း ဗီယက်နမ်ကင်းစခန်းတွေမှာ ပေါ်ပေါက်လာပြီး ဒီလိုတဲ့ချဲ့လာမှုက လာမယ့်နှစ်တွေအတွင်း တရုတ်စစ်သင်္ဘောတွေနဲ့ ထိပ်တိုက်တွေ့ဆုံမှုတွေ ပိုမိုပြင်းထန်လာဖွယ်ရှိကြောင်း မဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေးစင်တာက သုံးသပ်ထားပါတယ်။

တရုတ်နိုင်ငံဟာ တောင်တရုတ်ပင်လယ် တခုလုံးနီးပါးကို ပိုင်ဆိုင်ကြောင်း အခိုင်အမာတောင်းဆိုထားပြီး သန္တာကျောက်တန်းတွေကို စစ်ဘက်စခန်းများအဖြစ်အသုံးပြုနိုင်ဖို လုပ်ဆောင်နေပါတယ်။ဗီယက်နမ်၊ မလေးရှား၊ ဖိလစ်ပိုင်နဲ့ထိုင်ဝမ်တိုကလည်း သူတိုထိန်းချုပ်ထားတဲ့ ကျွန်းများပေါ်မှာ စစ်ဘက်ဆိုင်ရာ အခြေခံအဆောက်အအုံတွေ တိုးချဲ့တည်ဆောက်နေကြပါတယ်။

Ref:NHK
Photo:Getty Images

Related posts

Leave a Comment

VOM News

FREE
VIEW