ဂါဇာအပစ်အခတ်ရပ်စဲရေး အဆိုပြုချက် ဟားမတ်စ်အဖွဲ့ ပြန်လည်တုံ့ပြန်

 

ဂါဇာစီးတီး၊ ဇွန်-၁၂-၂၀၂၄
မျိုးဆက်(VOM)

ဂါဇာအပစ်အခတ်ရပ်စဲရေးနဲ့ပတ်သက်တဲ့ အဆိုပြုချက်ကို ဟားမတ်စ်တို့က တုံ့ပြန်ခဲ့ပြီး သဘောတူညီချက်တခုခုရရှိဖို့ ကျယ်ပြန်တဲ့လမ်းကြောင်းကို ဖွင့်ပေးထားတယ်လို့ ဟားမတ်စ်အဖွဲ့ နိုင်ငံရေးဗျူရိုအဖွဲ့ဝင် အိုက်ဇက်အယ်လ်ရီရှာက ပြောပါတယ်။

အဆိုပြုချက်အပေါ် အခုလိုတုံ့ပြန်တာဟာ တာဝန်ယူမှု၊ လေးနက်မှုနဲ့ အပြုသဘောဆောင်တယ်လို့ သူကဆိုပါတယ်။ အမေရိကန်ကျောထောက်နောက်ခံပြုထားတဲ့ ဒီသဘောတူညီချက်အပေါ် တုံ့ပြန်ချက်ကို ဖြန်ဖြေသူတွေဆီ ပေးခဲ့တယ်လို့ ပြောပါတယ်။

ဒါပေမယ့် ဒီအဆိုပြုချက်ထဲမှာ ပြင်ဆင်ချက်တချို့ကိုလည်း ရှာတွေ့ခဲ့တယ်လို့ သူကပြောပါတယ်။ အမေရိကန်က တွန်းအားပေးနေတဲ့ ဂါဇာစစ်ပွဲအဆုံးသတ်ရေးကို နှစ်ဘက်စလုံးက လက်ခံမှုနည်းပါးနေသေးပေမယ့် ရှစ်လကြာ စစ်ပွဲကို အဆုံးသတ်ဖို့ ခက်ခဲတဲ့ ညှိနှိုင်းမှုတွေကတော့ ဆက်လက်ရှင်သန်နေသေးပါတယ်။

အမေရိကန်နဲ့အတူ ကြားဝင်ဖြန်ဖြေပေးတဲ့ ကာတာနဲ့ အီဂျစ်တာဝန်ရှိသူတွေကလည်း အဆိုပြုချက်အပေါ် ဟားမတ်စ်တို့ရဲ့ တုံ့ပြန်မှုကို လက်ခံရရှိတယ်လို့ အတည်ပြုပြောဆိုပါတယ်။

တုံ့ပြန်ချက်မှာတော့ အပစ်အခတ်ရပ်စဲရေး၊ တပ်တွေရုပ်သိမ်းရေး၊ ပြန်တည်တည်ဆောက်ရေးနဲ့ အကျဉ်းသားလဲလှယ်ရေးတို့ကို အတည်ပြုတဲ့ ပြင်ဆင်ချက်တွေပါဝင်တယ်လို့ ဟားမတ်စ်ပြောရေးဆိုခွင့်ရှိသူ ဂျီဟက်တာဟာက ပြောဆိုထားပြီး အသေးစိတ်ပြောဖို့တော့ ငြင်းဆိုထားပါတယ်။

Ref:AFP
Photo:AP

#Voicoeofmyanmar #VOM #ဟားမတ်စ် #အစ္စရေး #ဂါဇာ #အပစ်အခတ်ရပ်စဲရေး

Related posts

Leave a Comment

VOM News

FREE
VIEW