မုံရွာနယ် ထီးတော်တင်ရွာနားမှာ နစက တပ်ဖွဲ့ဝင်တွေနဲ့ PDF တွေ တိုက်ပွဲဖြစ် ၊

 

ဇွန် ၊ ၁၂ ၊ ၂၀၂၄
SP (VOM)

စစ်ကိုင်းတိုင်း ၊ မုံရွာမြို့နယ်နဲ့ ဘုတလင်မြို့နယ် အစပ်က ထီးတော်တင်ကျေးရွာနားမှာ မနေ့ ဇွန် ၁၁ ရက် ညနေ ၆ နာရီဝန့းကျင်က နစက လုံခြုံရေး တပ်ဖွဲ့တွေနဲ့ ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

” နစက အဖွဲ့တွေနဲ့ PDF တွေ အပြန်အလှန် ပစ်ကြတယ် ၊ တရွာလုံးကြောက်လို့ ထွက်ပြေးနေရတယ် ၊ အခုထိ ရွာမပြန်နိုင်သေးဘူး ” လို့ ဒေသခံတယောက်က ပြောပါတယ်။

အဆိုပါ တိုက်ပွဲဖြစ်စဥ်နဲ့ ပတ်သက်ပြီး ဒေသတွင်း လူမှုကွန်ရက်မှာ သတင်းထုတ်ပြန်ထားတာက စစ်သား ၂၀ ဦးသေဆုံးပြီး ၊ ငါးယောက် အရှင်ဖမ်းမိထားကာ သေနတ် ကိုးလက် သိမ်းဆည်းရမိတားတယ်လို့ ဖော်ပြထားတယ် ။

စစ်ကိုင်းတိုင်း လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” မနေ့ ဖြစ်စဥ်တချို့ရှိတယ် ၊ ချောင်းဦးမြို့နယ် ၊ ငါးယှန်ကျေးရွာအနီး မုံရွာ – မန္တလေး ကားလမ်း မှာ မိုင်းထောင်နေတဲ့ PDF တယောက် လက်နက်တလက်နဲ့အတူ အသေဖမ်းမိတယ် ၊ ပုလဲမြို့နယ် ဇီးဖြူကုန်ရွာနားလည်း ထိတွေ့တိုက်ပွဲဖြစ်တယ် ၊ အဲ့ဒီ တိုက်ပွဲမှာ အမျိုးသား အလောင်းနှစ်လောင်းနဲ့ အကြမ်းဖက် Type-81 သေနတ် ၂ လက် ၊ ကျည်အိမ် ၃ ခုကျည် ၁၁၀ တောင့် ၊ လက်ပစ်ဗုံး ၂ လုံး ၊ အာပီဂျီဒုံးသီး ၁ လုံး ၊ အိုင်ကွန် ၂ လုံးတို့အား သိမ်းဆည်းရမိတယ် ၊ နောက်ပြီး မြောင်မြို့နယ် ကင်းကျေးရွာ စာသင်ကျောင်းထဲက လက်နက်ခဲယမ်းတွေ အများအပြား သိမ်းဆည်းရမိတယ် ၊ ထီးတော်တင် ထိတွေ့မှုဖြစ်စဥ်မှာ တပ်ဖွဲ့ဝင်တယောက် သေဆုံးပြီး လက်နက်တလက်ပါသွားတယ် ” လို့ ပြောပါတယ်။

အဲ့ဒါကြောင့် မနေ့ကတရက်တည်း စစ်ကိုင်းတိုင်းထဲမှာ လေးငါးနေရာထက်မနည်း ထိတွေ့တိုက်ပွဲတွေ ဖြစ်တယ်လို့ သိရပါတယ်။

#Voiceofmyanmar#VOM#မုံရွာမြို့နယ်#ထီးတော်တင်ရွာနားမှာတိုက်ပွဲဖြစ်

 

Related posts

Leave a Comment

VOM News

FREE
VIEW