ဇနီးရဲ့အာမခံပယ်ချတဲ့ တရားသူကြီးကို တရားခွင်ထဲဝင်ပစ်တဲ့ ကင်ညာရဲအရာရှိ သေနတ်ပစ်ခံရပြီး သေဆုံး

 

နိုင်ရိုဘီ၊ ဇွန်-၁၄-၂၀၂၄
မျိူးဆက်(VOM)

ကင်ညာနိုင်ငံ မြို့တော်နိုင်ရိုဘီရှိ တရားရုံးမှာ တရားသူကြီးကို သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့ ရဲအရာရှိတယောက် ပစ်သတ်ခံခဲ့ရကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

ဇနီးဖြစ်သူနဲ့ပတ်သက်တဲ့ အမှုတခုကို တရားရုံးက စီရင်ချက်ချပြီးနောက် များမကြာမီမှာ အဲဒီရဲအရာရှိက တရားသူကြီးကို မကျေနပ်တာကြောင့် သေနတ်နဲ့ ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ဇနီးဖြစ်သူဟာ အမှုကနေ ရင်မဆိုင်ဘဲထွက်ပြေးပြီးနောက် သူ့ရဲ့အာမခံကို ပယ်ဖျက်ဖို့ တရားရုံးက ဆုံးဖြတ်တာကို မကျေနပ်ဖြစ်ပြီး ပစ်ခတ်ခဲ့တဲ့ ကစ်ရူတိုဟုအမည်ရ ရဲအရာရှိဟာ တခြားရဲတပ်ဖွဲ့ဝင်တွေရဲ့ တုံ့ပြန်ပစ်ခတ်မှုကြောင့် သေဆုံးသွားပါတယ်။

ပစ်ခတ်မှုအတွင်း အခြားရဲတပ်ဖွဲ့ဝင်သုံးယောက်လည်း ဒဏ်ရာရရှိခဲ့ပြီး တင်ပါးမှာ ဒဏ်ရာရရှိသွားတဲ့ တရားသူကြီးနဲ့ အခြားဒဏ်ရာရရှိသူတွေကို ဆေးရုံမှာ ကုသမှုနေကြောင်း ပေးနေကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

တရားခွင်အတွင်းဖြစ်ပွားခဲ့တဲ့ အဆိုပါပစ်ခတ်မှုကြောင့် ကင်ညာနိုင်ငံသားတွေတုန်လှုပ်ခဲ့ပြီး ရဲတပ်ဖွဲ့ဟာ တရားစီရင်ရေးဘောင်ကိုကျော်လွန်ပြီး သတ်ဖြတ်မှုတွေမှာ ပါဝင်မှု မကြာခဏဖြစ်ပွားလေ့ရှိသော်လည်း တရားခွင်အတွင်း ပထမဆုံးအကြိမ်ဖြစ်ပါတယ်။

Ref:BBC
Photo:Getty Images

#Voiceofmyanmar #VOM #ကင်ညာ #တရားသူကြီး #ပစ်ခတ်ခံရမှု #ရဲအရာရှိ #သေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW