ပိတ်ဆို့ခံထားရတဲ့ ရုရှားရဲ့ငွေတွေကို ယူကရိန်းအတွက်ပေးဖို့ ဂျီ-၇ ခေါင်းဆောင်တွေ သဘောတူ

 

ရောမ၊ ဇွန်-၁၄-၂၀၂၄
မျိုးဆက်(VOM)

ယူကရိန်းကို ကျူးကျော်နေသော ရုရှားတပ်တွေကို တိုက်ထုတ်ရာမှာ အသုံးပြုဖို့ ပိတ်ဆို့ခံထားရတဲ့ ရုရှားရဲ့ ပိုင်ဆိုင်မှု ဒေါ်လာဘီလီယံ ၅၀ ကို ယူကရိန်းကိုပေးဖို့ ဂျီ-၇ အဖွဲ့ခေါင်းဆောင်တွေက သဘောတူလိုက်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ရုရှားဘက်က ပြင်းပြင်းထန်ထန်လက်တုံ့ပြန်မယ်လို့ ခြိမ်းခြောက်ထားပေမယ့် ယူကရိန်းကို ကျောခိုင်းခြင်းမပြုဘူးဆိုတာ နောက်ထပ်သတိပေးချက်ဖြစ်တယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ပြောပါတယ်။

ထိန်းချုပ်ခံထားရတဲ့ ရုရှားရဲ့ ငွေတွေဟာ ယူကရိန်းအတွက် ယခုနှစ်ကုန်မှာ ရောက်လာဖွယ်မရှိသေးပေမယ့် ယူကရိန်းစစ်ပွဲနဲ့ စီးပွားရေးကို ပံ့ပိုးရန် ရေရှည်ဖြေရှင်းချက်တခုအဖြစ် ရှုမြင်ရပါတယ်။

အီတလီမှာ ကျင်းပတဲ့ ဂျီ-၇ ထိပ်သီးဆွေးနွေးပွဲမှာတော့ အမေရိကန်သမ္မတဂျိုးဘိုင်ဒင်နဲ့ ယူကရိန်သမ္မတ ဇီလန်စကီးတို့ဟာ ၁၀ နှစ်သက်တမ်းရှိ နှစ်နိုင်ငံလုံခြုံရေးသဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

ဒီသဘောတူညီချက်မှာတော့ ယူကရိန်းကို အမေရိကန်က စစ်ရေးနဲ့ လေ့ကျင့်ရေးတွေပေးသွားမှာဖြစ်ပေမယ့် ယူကရိန်းအတွက် တိုက်ပွဲဝင်ဖို့ အမေရိကန်တပ်တွေ အသုံးပြုမယ်လို့တော့ ပါဝင်ခြင်းမရှိပါဘူး။

၂၀၂၂ ခုနှစ်မှာ ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်ပြီးနောက် ဂျီ-၇ အဖွဲ့နဲ့ ဥရောပသမဂ္ဂတို့ဟာ ဒေါ်လာ ၃၂၅ တန်ဖိုးရှိ ရုရှားရဲ့ ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်ခဲ့တာဖြစ်ပြီး ယူကရိန်းအတွက် ဒေါ်လာဘီလီယံ ၅၀ ကို ချေးငွေသဘော ပေးအပ်သွားမှာဖြစ်ပါတယ်။

Ref:BBC
Photo:Reuters

Related posts

Leave a Comment

VOM News

FREE
VIEW