လားရှိုးဝန်းကျင်မှာ ‌MNDAA နဲ့ ပူးပေါင်း တပ်ဖွဲ့တွေ အင်အားဖြည့်လာလို့ တိုက်ပွဲဖြစ်လာမှာကို ဒေသခံတွေ စိုးရိမ်နေကြ

 

ဇွန် ၁၄၊ ၂၀၂၄
Shy V (VOM)

ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့ ဝန်းကျင်မှာ ‌MNDAA နဲ့ ပူးပေါင်း တပ်ဖွဲ့တွေ အင်အားဖြည့် လာလို့ ဒေသခံ လူထုက တိုက်ပွဲ ဖြစ်ပွားလာမှာ စိုးရိမ်နေကြကြောင်း ဒေသခံတွေတီက သိရပါတယ်။

“ကိုးကန့် တပ်ဖွဲ့တွေ အများကြီး လားရှိုးဘက် ဆင်းလာတယ်လို့ ကြားတယ်။ ပလောင် စစ်သားတွေလည်း အများကြီး ဆင်းလာတာလို့ ပြောတယ်။ မြို့ ပတ်ပတ်လည် အဝင်၊ အထွက် လမ်းပိတ် သွားလိုက်ပြီ။ တိုက်ပွဲ ဖြစ်လာမှာတော့ စိုးရိမ်တာပေါ့။ အစားအသောက်တွေရော ဝယ်ထားကြဖို့ သတင်းတွေပြန့် နေတယ်” လို့ လားရှိုး ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။

လက်ရှိ မြို့ အနီးနား အခြေအနေ တော်တော် တင်းမာနေ သလို စစ်တပ်ဘက်ကလည်း လုံခြုံရေး တင်းကြပ်နေတယ်လို့ သူက ပြောပါတယ်။

၁၀၂၇ စစ်တင်ရေးကာလကလည်း တိုက်ပွဲ ပြင်းထန်မှာ စိုးလို့ အစား အသောက်တွေ ဝယ်ထားပြီး စာမရတော့လို့ ပြန် ပစ်လိုက်ရတာ‌ေတွ၊ ဆန်တွေလည်း ဝယ်ထားပြီး ပိုးကျကုန်တာတွေ ကြုံရတယ်လို့ ဆိုပါတယ်။

“တိုက်ပွဲ ဖြစ်လာမှာ စိုးရိမ်နေတယ်။ မြို့ အဝင်အထွက် လမ်းတွေလည်း ဖြတ်ထားလိုက်ပြီ။ ဘယ်ကိုမှလည်း မရှောင်တတ်ဘူး။ ကိုယ့်အိမ်မှာပဲ နေနေရမှာပေါ့။” လို့ လားရှိုး ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။

တချို့က ဆန်တွေ ဝယ်နေကြတာ ရှိနေပေမယ့် ငွေကြေးမတတ်နိုင်တာကြောင့် ဘာမှ ဝယ်မထားနိုင်တော့ဘူးလို့ သူက ပြောပါတယ်။

မြို့ပတ်ပတ်လည်မှာ လမ်းတွေ ဖြတ်တောက်ထားတဲ့ အပြင် အဝင်အထွက်တွေ အဝင်တော့ အရေးကြီး ခရီးသည်တွေ ဝင်ခွင့် ပြု‌တာ ရှိပေမယ့် အထွက်တော့ မတွေ့ရဘူးလို့ ခရီးသည် အမျိုးသမီး တယောက်က ပြောပါတယ်။

“မြို့အဝင်မှာ ခရီးသည်တွေနဲ့ ကားတွေ စစ်တပ်နဲ့ နီးနီး ကပ်ကပ်မှာ ပိတ်မိနေတာကြောင့် တိုက်ပွဲ ဖြစ်လာမှာ စိုးရိမ်တယ်။ မနေ့ညတောင် အိပ်လို့ မရဘူး” လို့ သူက ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းတွေကစ ကိုးကန့် MNDAA နဲ့ TNLA လားရှိုးဘက် အင်အားဖြည့် စစ်ကြောင်းထိုးနေတာဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။

Photo Crd# ဒေသခံ

#voiceofmyanmar #VOM #လားရှိုး #‌MNDAA #အင်အားဖြည့်

Related posts

Leave a Comment

VOM News

FREE
VIEW