ကမ္ဘာတဝန်းမှာ နျူကလီးယားထိပ်ဖူးတွေ ဖြန့်ကြက်ထားမှု ယမန်နှစ်ကထက် ၆၀ ရာခိုင်နှုန်းတိုးလာ

 

စတော့ဟုမ်း၊ ဇွန်-၁၇-၂၀၂၄
မျိုးဆက်(VOM)

ကမ္ဘာတဝန်းမှာ ဒုံးကျည်တွေ၊ လေယာဉ်တွေနဲ့ ဖြန့်ကြက်ချထားတဲ့ နျူကလီးယားထိပ်ဖူးအရေတွက်ဟာ ယမန်နှစ်ကထက် ၆၀ ရာခိုင်နှုန်းတိုးလာကြောင်း ဆွီဒင်သုတေသနအဖွဲ့တဖွဲ့က ထုတ်ပြန်ပါတယ်။

ရုရှားမှာ နျူကလီးယားထိပ်ဖူး ၅၅၈၀ ၊ အမေရိကန်မှာ ၅၀၄၄ ရှိပြီး ကမ္ဘာလုံးဆိုင်ရာ စုစုပေါင်းအရေအတွက်ရဲ့ ၉၀ ရာခိုင်နှုန်းပို်ငဆိုင်တယ်လို့ ယုံကြည်ရပါတယ်။ တရုတ်မှာတော့ နျူကလီးယားထိပ်ဖူး ၅၀၀ ရှိပြီး ရုရှားနဲ့တရုတ်ပြီးရင် တတိယနေရာမှာ ရပ်တည်နေပါတယ်။

ဒီလိုပိုင်ဆိုင်တဲ့ နျူကလီးယားထိပ်ဖူးတွေရဲ့ ၃၉၀၄ ခု သို့မဟုတ် စုစုပေါင်းရဲ့ ၃၀ ရာခို်ငနှုန်းကျော်ကို လေယာဉ်တွေ ဒုံးကျည်တွေနဲ့ ဖြန့်ကြက်ချထား ကြောင်း စတော့ဟုမ်းနိုင်ငံတကာ ငြိမ်းချမ်း ရေးသုတေသနအဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ရုရှားဟာ ၂၀၂၃ ခုနှစ်ကထက် နျူကလီးယားထိပ်ဖူး ၃၆ ခုကို ပိုမိုဖြန့်ကြက်ထားပြီး တရုတ်နိုင်ငံကပိုင်ဆိုင်တဲ့ နျူကလီးယားထိပ်ဖူးအရေအတွက်ဟာ ဆယ်စုနှစ်အတွင်း ရုရှား သို့မဟုတ် အမေရိကန်ကို ကျော်တက်သွားနိုင်တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

လက်ရှိဖြစ်ပွားနေတဲ့ ယူကရိန်းစစ်ပွဲနဲ့ ဂါဇာစစ်ပွဲတွေဟာ နျူကလီးယားလက်နက်လျှော့ချရေးဆိုင်ရာ သံတမန်ရေးရာတွေကို ပိုမိုအားနည်းစေတယ်လို့ စတော့ဟုမ်း နိုင်ငံတကာ ငြိမ်းချမ်းရေးသုတေသနအဖွဲ့က ထောက်ပြထားပါတယ်။

Ref:NHK
Photo:CNBC

#Voiceofmyanmar #VOM #နျူကလီးယားထိပ်ဖူး #ဖြန့်ကြက်မှု #၆၀ရာခိုင်နှုန်း #တိုးတာ

Related posts

Leave a Comment

VOM News

FREE
VIEW