ဂျပန်အနီး ပစိတ်ဖိတ်ဒေသမှာ စစ်သင်္ဘော အစင်း ၄၀ နဲ့ ရုရှားရေတပ် စစ်ရေးလေ့ကျင့်မယ်

 

တိုကျို၊ ဇွန်-၂၀-၂၀၂၄
မျိုးဆက်(VOM)

ဂျပန်နိုင်ငံအနီး ပစိဖိတ်ဒေသမှာ စစ်သင်္ဘောအစင်း ၄၀ နဲ့ ရေတပ်စစ်ရေးလေ့ကျင့်မယ်လို့ ရုရှားစစ်တပ်က ထုတ်ပြန် ကြေညာပါတယ်။

ဒီစစ်ရေးလေ့ကျင့်မှုကို ပစိဖိတ်သမုဒ္ဒရာ ၊ ဂျပန်ပင်လယ်နဲ့ အိုကာတ်စ်ပင်လယ်တို့မှာ ဇွန် ၁၈ ရက်ကနေ ၂၈ ရက်ထိ စစ်သင်္ဘောအစင်း ၄၀ နဲ့ စစ်ရေးလေ့ကျင့်သွားမှာဖြစ်တယ်လို့ စစ်တပ်ရဲ့ ထုတ်ပြန်ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ရုရှားရေတပ်စစ်သင်္ဘောသုံးစင်းဟာ ဂျပန်နိုင်ငံ ဆူဂါရူရေလက်ကြားကို ဖြတ်၍ ပစိဖိတ်သမုဒ္ဒရာကို ပြီးခဲ့တဲ့နေ့က ခုတ်မောင်းသွားခဲ့ကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

ဂျပန်နိုင်ငံအနီးတွင် စစ်ရေးလေ့ကျင့်မယ့်လို့ ရုရှားကကြေညာပြီးနောက်ပိုင်း ဂျပန်စစ်တပ်ဟာ ရုရှားရဲ့ လှုပ်ရှားမှုတွေကို အနီးကပ်စောင့်ကြည့်နေပါတယ်။

ရေတပ်ဖျက်သင်္ဘောတစင်းအပါအဝင် ရုရှားစစ်သင်္ဘောတွေဟာ ဟော့ကိုင်းဒိုးခရိုင်မြောက်ဘက်စွန်း အိုရှီမာကျွန်းရဲ့ အနောက်တောင်ဘက် ၅၀ ကီလိုမီတာအကွာကနေ ဖြတ်သန်းပြီးနောက် ဂျပန်ပင်လယ်အရှေ့ဘက်သို့ ခုတ်မောင်းသွားခဲ့တယ်လို့ ဂျပန်စစ်တပ်က ပြောပါတယ်။

အဲဒီနောက် ဂျပန်နိုင်ငံရဲ့အဓိကကျွန်းဖြစ်တဲ့ ဟွန်ရှူးကျွန်းနဲ့ ဟော့ကိုင်းဒိုးကြားရှိ ဆူဂါရူရေလက်ကြားကို ဖြတ်သန်းပြီးနောက် ပစိဖိတ်သမုဒ္ဒရာဘက်ကို ဆက်လက်ခုတ်မောင်းသွားကြောင်း ဂျပန်စစ်တပ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Ref:NHK
Photo: Russia Defense Ministry

#Voiceofmyanmar #VOM #ပစိဖိတ် #ရုရှားရေတပ် #စစ်ရေးလေ့ကျင့်မှု #စစ်သင်္ဘော

Related posts

Leave a Comment

VOM News

FREE
VIEW