ဆော်ဒီမှာ ဟာ့ဂျ်ဘုရားဖူးရင်း အပူချိန်ကြောင့် သေဆုံးသူ ၁၀၀၀ ကျော်ထိရှိလာ

 

ရီယတ်၊ ဇွန်-၂၁-၂၀၂၄
မျိုးဆက်(VOM)

ယခုနှစ်အတွင် ဆော်ဒီအာရေဗျသို့ သွားရောက်ပြီး ဟာ့ဂျ်ဘုရားဖူးရင်း အပူဒဏ်ကြောင့် သေဆုံးသူအရေးအတွက် ၁၀၀၀ ကျော်သွားပြီဖြစ်ကြောင်း သေဆုံးသူတွေထဲက ထက်ဝက်ဟာ ဘုရားဖူးတွေအဖြစ် မှတ်ပုံတင်မထားကြောင်း အေအက်ဖ်ပီသတင်းဌာနက ဖော်ပြထားပါတယ်။

နိုင်ငံပေါင်း ၁၀ နိုင်ငံဝန်းကျင်မှလာရောက်ကြသော ဘုရားဖူးခရီးစဉ်အတွင်း သေဆုံးသူ ၁၀၈၁ ဦးရှိပြီး ဟာ့ဂျ်ဘုရားဖူးခြင်းဟာ မွတ်ဆလင်များတကြိမ်အနည်းဆုံး ဖြည့်ကျင့်ရတဲ့ အစ္စလာမ် ထုံးတမ်းစဉ်လာများထဲမှ တခုဖြစ်ပါတယ်။

ယခုနှစ်အတွင်း ဆော်ဒီအာရေဗျမှာ ဟာ့ဂျ်ဘုရားဖူးရာသီအတွင်း စံချိန်တင်ပူပြင်းမှုနဲ့ ကြုံတွေ့နေရပြီး မက္ကာမြို့မှာ အပူချိန်ဟာ ၅၁ ဒသမ ၈ ဒီဂရီစင်တီဂရိတ်ကို ကျော်လွန်နေပါတယ်။

ပြီးခဲ့တဲ့လမှာ ထုတ်ပြန်တဲ့ အစီရင်ခံစာတခုမှာတော့ အဲဒီဒေသမှာ အပူချိန်ဟာ ဆယ်စုနှစ်တခုကို သုည ဒသမ ၄ ဒီဂရီစင်တီဂရိတ်ထိ မြင့်တက်လာနေတယ်လို့ ဆိုပါတယ်

နှစ်စဉ်နှစ်တိုင်း သိန်းနဲ့ချီတဲ့ ဘုရားဖူးတွေဟာ စျေးနှုန်းမြင့်တဲ့ တရားဝင်လမ်းကြောင်းမျိုးကမဟုတ်ဘဲ ပုံမှန်မဟုတ်တဲ့ လမ်းကြောင်းတွေက တဆင့် ဟာ့ဂျ်ကိုလာရောက်ဖို့ ကြိုးပမ်းမှုတွေလည်းရှိနေကြတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ဆော်ဒီအာဏာပိုင်တွေဟာ ယခုလအတွင်း မက္ကာမြို့မှာ မှတ်ပုံတင်မထားတဲ့ ဘုရားဖူးထောင်ပေါင်းများစွာကို ရှင်းလင်းခဲ့ပေမယ့်လည်း မှတ်ပုံမတင်ဘဲ လာရာက်သူတွေအများအပြားရှိနေဆဲဖြစ်ပါတယ်။

Ref:AFP
Photo:AFP

#Voiceofmyanmar #VOM #ဆော်ဒီ #ဘုရားဖူး #အပူချိန်မြင့်တက်မှု #လူ၁၀၀၀သေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW