ဂါဇာရှိ နိုင်ငံတကာကြက်ခြေနီအဖွဲ့ရုံးအနီး အစ္စရေးရဲ့တိုက်ခိုက်မှု ၂၂ ယောက်သေပြီး ၄၅ ယောက်ဒဏ်ရာရ

 

ဂါဇာစီးတီး၊ ဇွန်-၂၂-၂၀၂၃
မျိုးဆက်(VOM)

အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် ဂါဇာကမ်းမြှောင်ဒေသရှိ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ရဲ့ ရုံးခန်းတွေ ပျက်စီးခဲ့ပြီး ရုံးဧရိယာမှခိုလှုံနေသူ ၂၂ ယောက်သေဆုံးခဲ့တယ်လို့ ပြောပါတယ်။

နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ရဲ့ ရုံးခန်းနဲ့နေအိမ်တွေရဲ့ မီတာအနည်းငယ်အကွာမှာ ဒုံးကျည်တွေ အပြင်းအထန် ကျရောက်ပေါက်ကွဲခဲ့တယ်လို့ နိုင်ငံတကာကြက်ခြေနီအဖွဲ့က ထုတ်ပြန်ပါတယ်။

အရပ်သားတွေနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အဆောက်အအုံတွေကို ကာကွယ်ဖို့ ပဋိပက္ခမှာ ပါဝင်နေသူတွေ အကုန်တာဝန်ရှိတယ်လို့ ပြောပါတယ်။ အစ္စရေးစစ်တပ်ကတော့ အဲဒီနေရာမှာ တိုက်ခိုက်မှုလုပ်တဲ့ အခြေအနေတွေမရှိဘူးလို့ အစီရင်ခံစာရပေမယ့် ဒီဖြစ်စဉ်ကို ပြန်လည်သုံးသပ် စုံစမ်းဆဲဖြစ်တယ်လို့ ပြောပါတယ်။

ပါလက်စတိုင်း လုပ်ဖော်ကိုင်ဖက် အတော်များများအပါအဝင် ရာနဲ့ချီတဲ့ ရွှေ့ပြောင်းဒုက္ခသည်တွေရဲ့ တဲတွေဝန်းရံထားတဲ့ အဆောက်အအုံနဲ့ ရုံးခန်းနေရာတွေဟာ တိုက်ခို်ကမှုကြောင့် ပျက်စီးခဲ့ရတယ်လို့ ကြက်ခြေနီအဖွဲ့က ပြောပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် အနီးနားက ကြက်ခြေနီဆေးရုံမှာ ထိခိုက်သေဆုံး ဒဏ်ရာရသူတွေ အစုလိုက်အပြုံလိုက်ရောက်လာပြီး ၂၂ ယောက်သေပြီး ၄၅ ယောက်ဒဏ်ရာရရှိခဲ့တကာသေဆုံးသူ အရေအတွက် တိုးလာနိုင်တယ်လို့ ဆရာဝန်တွေကဆိုပါတယ်။

ဟားမတ်စ်တို့ရဲ့ ဂါဇာကျန်းမာရေးဝန်ကြီးဌာနကတော့ တိုက်ခိုက်မှုကြောင့် လူ ၂၅ ယောက်သေပြီး ၅၀ ကျော်ဒဏ်ရာရတယ်လို့ ထုတ်ပြန်ထားပြီး တိုက်ခိုက်မှုအတွက် အစ္စရေးကို အပြစ်တင်ထားပါတယ်။

Ref:BBC
Photo:AFP

#Voiceofmyanmar #VOM #ဂါဇာ #ကြက်ခြေနီအဖွဲ့ #တိုက်ခိုက်ခံရ #၂၂ယောက် #သေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW